312 comments Labels:

တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ နည်းပညာဆိုင်ရာ တိုးတက်မှုတွေနဲ့ အတူ အချက်အလက် စုဆောင်းထားရှိမှု ကလည်း တိကျခိုင်မာလာပါတယ်။
အဲဒါနဲ့ ပတ်သတ်တဲ့ ဟာသလေးတစ်ခုကို forward mail တစ်ခုရလို့ မြန်မာမှု ပြန်ပြုထားပါတယ်..
၂၀၂၀ မှာဖြစ်လာမယ့် ၀န်ဆောင်မှုကို သိချင်တယ်ဆိုရင်

အော်ပရေတာ။ “ကျနော်တို့ ဆိုင်ကို ခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ ...”

စားသုံးသူ။ “ဟဲလို.... ကျွန်တော် မှာစရာရှိ...”

အော်ပရေတာ။ “ဆရာရဲ့ စွယ်စုံသုံးကဒ် နံပါတ်လေး သိခွင့် ရှိမလား ခင်ဗျာ..”

စားသုံးသူ။ “အဲဒါ..အာ. ခဏ.. ၈၈၉၈၃၆၄၈၅၀၃၇၂၆၂၉ ၂၃၇၂ -၄၈၈ -၄၂၇၂ ...”

အော်ပရေတာ။ “ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ.. ဆရာ့ရဲ့ အိမ်လိပ်စာကတော့ ၂၃ အလင်္ကာလမ်း ဖြစ်ပြီး ရုံးဖုန်း ၄၆၈၂၇၂၉ နဲ့ မိုဘိုင်းဖုန်း ၀၆၉၃၈၃၇၂၇ ဖြစ်ပါတယ်။ ခု ဆရာ ဘယ်နံပါတ်က ခေါ်နေတာပါလဲ ခင်ဗျာ..”

စားသုံးသူ။ “အိမ်ကပေါ့ကွ။ မင်းဘယ်လိုလုပ် ငါ့ဖုန်းနံပါတ်တွေ အကုန်သိနေတာလဲ...”

အော်ပရေတာ။ “ကျနော်တို့က စနစ်အားလုံးနဲ့ ချိတ်ဆက်ထားလို့ပါ ဆရာ..”

စားသုံးသူ။ “ထားပါတော့... ခု ပင်လယ်စာ ပီဇာ မှာ ချင်လို့ .. ရမလား...”

အော်ပရေတာ။ “အဲဒါ ဆရာ့ အတွက် သိပ်မကောင်းပါဘူး..”

စားသုံးသူ။ “ဟ.. ဘာဖြစ်လို့တုန်းကွ...”

အော်ပရေတာ။ “ဆရာ့ရဲ့ ဆေးစစ်ချက်မှတ်တမ်း အရ၊ အခု ဆရာ့မှာ သွေးတိုးရှိနေတဲ့ အပြင် ကိုလက်စတော ပါဝင်မှုလည်းများနေပါတယ်...”

စားသုံးသူ။ “ဘာဖြစ်တယ်!!.. ဒါဆိုရင် မင်းကဘာကို စားသင့်တယ် ထင်လဲ...”

အော်ပရေတာ။ “ဆီပါဝင်မှုနည်းတဲ့ ဂျပန်စတိုင် ပီဇာ ကို စမ်းစားကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်.. ဆရာ ကြိုက်မှာပါ...”

စားသုံးသူ။ “မင်းက ဘာဖြစ်လို့ ငါကြိုက်မယ်လို့ သေချာပြောနိုင်ရတာလဲ...”

အော်ပရေတာ။ “ ပြီးခဲ့တဲ့ အပတ်က ဆရာ နိုင်ငံပိုင် စာကြည့်တိုက်ကနေ စာအုပ်တစ်အုပ် ဌားထားပါတယ်။ စာအုပ်နာမည်က “ ထင်ရှားသော ဂျပန်စတိုင် ဟင်းလျာများ ” မို့လို့ပါ..”

စားသုံးသူ။ “ဟား.. ဟုတ်ပြီ. ဟုတ်ပြီ. ငါ အရှုံးပေးပြီ... ငါ့ကို မိသားစုစာ (၃) ခု ပေးစမ်းကွာ.. ဘယ်လောက်ကျလဲ...”

အော်ပရေတာ။ “ဟုတ်ကဲ့.. ခုဟာကတော့ ဆရာ့ မိသားစု (၁၀) ယောက်လုံးစာ လုံလောက်ပါတယ်... စုစုပေါင်း ၄၉.၉၉ ဒေါ်လာပါ...”

စားသုံးသူ။ “အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရလား..”

အော်ပရေတာ။ “ဆရာ ကျနော်ကို လက်ငင်းငွေသားနဲ့ ရှင်းပေးစေချင်ပါတယ်... ဆရာ့ အကြွေးဝယ်ကဒ်က သုံးခွင့်ပြုထားတဲ့ ပမာဏထက် ကျော်နေပါပြီ။ နောက်ပြီး ဆရာ ဘဏ်ကို ပေးစရာ ၃၄၇၆.၄၅ ဒေါ်လာ ရှိနေတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းကပါ... အဲဒါ ဆရာ့အိမ်ဌားခ တွေမပါသေးပါဘူး...”

စားသုံးသူ။ “ဒါဆို မင်းဆီက လာပို့တဲ့လူ မလာခင် ငါက ဒီနားက အေတီအမ် စက်မှာ သွားပြေးထုတ်ထားရမယ် ထင်တယ်...”

အော်ပရေတာ။ “ဆရာ ထုတ်လို့ရမှာ မဟုတ်ပါဘူး.. မှတ်တမ်းတွေအရ၊ ဆရာ ဒီနေ့အတွက် ခွင့်ပြုပမာဏကို ထုတ်ယူပြီး ဖြစ်နေပါပြီ...”

စားသုံးသူ။ “ကိစ္စမရှိပါဘူး.. ပီဇာကို သာရောက်အောင် ပို့လိုက်ပါ.. ငါ့ဆီမှာ ငွေသားရှိပါတယ်... ဒါနဲ့ ဘယ်လောက် ကြာမလဲကွ...”

အော်ပရေတာ။ “(၄၅) မိနစ်လောက်တော့ ကြာပါမယ်ဆရာ..ဆရာ မစောင့်နိုင်ဘူး ဆိုရင်တော့ ဆရာ့ဆိုင်ကယ်ကို စီးပြီး လာယူလို့ရပါတယ်...

စားသုံးသူ။ “ဘာ!!!”

အော်ပရေတာ။ “စနစ်တွေမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေအရ၊ ဆရာ့မှာ ဆိုင်ကယ်တစ်စီးရှိပြီးတော့ မှတ်ပုံတင်နံပါတ် ၉၂၇၃၄၈ .....

စားသုံးသူ။ “?????????”

အော်ပရေတာ။ “ဘာအလိုရှိသေးပါသလဲ ဆရာ..”

စားသုံးသူ။ “ မရှိဘူး !! စကားမစပ် ကိုလာ (၃) လုံးလောက် ကြော်ငြာအနေနဲ့ မပေးနိုင်ဘူးလား..”

အော်ပရေတာ။ “သာမန်အားဖြင့်တော့ ပေးနိုင်ပါတယ်.. ဒါပေမယ့် မှတ်တမ်းတွေအရ..ဆရာ့မှာ ဆီးချို.....”

စားသုံးသူ။ “***%&$%%### $##$%%@!)))”

အော်ပရေတာ။ “ဆရာ ပြောတာဆိုတာ ကိုကြည့်ပြောရင် ကောင်းပါမယ်.. ဆရာ ၁၉၈၇ ဇူလိုင်လ (၁၅) ရက် တုန်းက ဆရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှု အတွက် အပြစ်ဒဏ်ချခံရဖူးတာ အမှတ်ရပါ..”

စားသုံးသူ။ မူးလဲသွားပါတယ်...

Read More...


 

2 comments Labels:

Geneva motor show မှာ ပွဲထုတ်ထားတဲ့ Brabus ကနေ tuning ပြုလုပ်ထားပြီးသား sport atmosphere အငွေ့အသက်တွေ ပါရှိတဲ့ ကားတစ်စုံကို တွေ့လို့ ဘလော့မှာ ပြန်တင်လိုက်ပါတယ်။

စိတ်ကူးယဉ်လို့ရအောင် လိုက်ဖတ်ကြည့်လိုက်တာ.. ဒါတွေ တွေ့တယ်ဗျာ..

ကားနှစ်စီးလုံးကို အတွင်းမှာ ဆင်ထားတဲ့ decoration နဲ့ ကားမှုတ်ဆေးကအစ တစ်ထပ်တည်း ဆင်တူ ဖြစ်အောင် ပြုလုပ်ထားပါတယ်တဲ့။
ဈေးကိုလည်း လျှော့ထားပေးပါတယ်။ အဲဒီ ကား oddly pair ကို $ 1,061,000 ပဲ ပေးပါတဲ့။ :P

ultimate 112 က 9.5 စက္ကန့် အတွင်းမှာ 100 km/h ထိရောက်အောင် အရှိန်တင်နိုင်ပြီး top speed ကတော့ 170 km/h ဖြစ်ပါတယ်တဲ့။

SLR McLaren Roadster က 3.6 စက္ကန့်အတွင်းမှာ 100 km/h ထိ ရောက်အောင် အရှိန်တင်နိုင်ပြီး top speed ကတော့ 337 km/h ထဲပါတဲ့။

ပုံအကြီးကြည့်ရန် ပုံများကို click ပါ။
























Brabus ရဲ့ ဒီဇိုင်း မိုက်မိုက် ကားတွေကို ကြည့်ချင်ရင် ဒီ လင့်ကို သွားကြည့်နိုင်ပါပြီ။

Read More...


 

5 comments Labels: ,

မိမိရေးထားတဲ့ ပို့စ်တွေကို မာတိကာလေးတစ်ခု လုပ်ချင်တယ် ဆိုရင် blogger hacks တစ်ခုဖြစ်တဲ့ beautifulbeta ရဲ့ Table of Content Widget လေးကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Side Bar မှာ ရှိတဲ့ လင့်ကို click ကြည့်ရုံနှင့် မိမိပို့စ် အားလုံးရဲ့ အပေါ်ကနေပြီးတော့ Content တစ်ခုကျလာ မှာ ဖြစ်ပါတယ်။
အဲဒီ့ Content မှာ ကော်လံ (၃)ခု ပါဝင်ပါတယ်။ ပထမ ကော်လံကတော့ ပို့စ်တွေကို alphabetically စီထားတာ ဖြစ်ပြီး ဒုတိယ ကော်လံကတော့ နေ့စွဲနဲ့ပါ။ တတိယ ကော်လံကတော့ လေဘယ် ဖြစ်ပါတယ်။မိမိကြည့်လိုရာကို ခေါင်းစဉ်အလိုက် ရှာချင်တာ ပဲဖြစ်ဖြစ်၊ နေ့စွဲနဲ့ပဲ ရှာချင်တာပဲ ဖြစ်ဖြစ်၊ လေဘယ်လိုက်ပဲ ရှာ ချင်တာပဲ ဖြစ်ဖြစ် အဆင်ပြေပြေ အသုံးပြုလို့ရပါတယ်။ ကော်လံတွေကို click ပြီးတော့ ခေါင်းစဉ်တွေနဲ့ နေ့စွဲ အစီအစဉ်တွေကို ပြောင်းပြန် လုပ်ပြီးတော့လည်း ရှာနိုင်ပါတယ်။

ဘယ်လို install လုပ်မလဲ???

အဆင့်(၁)။ တန်းပလိတ်ကို back up လုပ်ပါ။ Download full Template ကို click ပြီး back up လုပ်ထားမှ သာ ပြည့်စုံတဲ့ တန်းပလိတ် back up ဖြစ်ပါမယ်။



အဆင့်(၂)။ Edit HTML ထဲမှ expend widget template ကို click ပြီး < b:section> ထဲမှာ id='main'. ပါဝင်တဲ့ ကုဒ်ကို ရှာဖွေပါ။


ထိုနောက် အောက်ပါ ကုဒ်ကို အစားထိုး ထည့်သွင်းပါ။

< b:section class='main' id='main' maxwidgets='2' showaddelement='yes'>

တန်းပလိတ်ကို save ပါ။
Page Elements Tab ကို သွားပါ။
Add a Page Element ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ dailog box ထဲကမှ HTML/JavaScript ကို ရွေးချယ်ပါ။
ထိုနောက် အောက်ပါ ကုဒ်များကို ထည့်သွင်းပါ။ ခေါင်းစဉ်ထည့်သွင်းရန်မလိုပါ။

< div id="toc">< /div>

အဆိုပါ Page Element ကို Blog Posts Page Element ရဲ့ အပေါ်ကို ရွှေ့ပါ။ ထိုနေရာမှာ မိမိရဲ့ Content ပေါ်မှာ ဖြစ်ပါတယ်။


တန်းပလိတ်ကို save ပါ။

အဆင့်(၃)။ မိမိ Side Bar မှာ Content အတွက် Link ပြုလုပ်ဖို့အတွက် HTML-element တစ်ခု ပြုလုပ်ပါ။
ခေါင်းစဉ်ကို မိမိကြိုက်နှစ်သက်ရာ တစ်ခုခု ပေးနိုင်ပါတယ်။
အောက်ပါကုဒ်များကို ကူးထည့်ပါ။

< div id="toclink">< a href="javascript:showToc();">Show TOC< /a>< br/>< br/>< /div>
< script style="text/javascript" src="http://home.planet.nl/~hansoosting/downloads/blogtoc.js">< /script>
< script src="http://YOURBLOG.blogspot.com/feeds/posts/default?alt=json-in-script&max-results=999&callback=loadtoc">< /script>

ထို့နောက် YOURBLOG နေရာမှာ မိမိဘလော့ နာမည်ကို ပြောင်းလဲထည့်သွင်းပါ။
Element ကို save ပါ။

အဆင့်(၄)။ အခုအဆင့်ကတော့ ပေါ်လာမည့် Content မှာ လိုအပ်မယ့် style အတွက် css defination တွေ ဖြစ်ပါတယ်။အဲဒီ css တွေကို ထည့်မှ သာ ကောင်းမွန်စွာ ပေါ်မှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ ကုဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အဲဒီကုဒ်တွေကို < b:skin> အောက်မှာ ပဲ ဖြစ်ဖြစ်၊ မိမိ link ပြုလုပ်ထားတဲ့ Sidebar element ထဲမှာ ဖြစ်ဖြစ် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
Sidebar Element မှာ ထည့်သွင်းတာက ပိုမိုလွယ်ကူစေပါတယ်။

<style type="text/css">
#toc {
border: 0px solid #000000;
background: #ffffff;
padding: 5px;
width:500px;
margin-top:10px;
}
.toc-header-col1, .toc-header-col2, .toc-header-col3 {
background: #CCE6FF;
color: #000000;
padding-left: 5px;
width:250px;
}
.toc-header-col2 {
width:75px;
}
.toc-header-col3 {
width:125px;
}
.toc-header-col1 a:link, .toc-header-col1 a:visited, .toc-header-col2 a:link, .toc-header-col2 a:visited, .toc-header-col3 a:link, .toc-header-col3 a:visited {
font-size:80%;
text-decoration:none;
}
.toc-header-col1 a:hover, .toc-header-col2 a:hover, .toc-header-col3 a:hover {
font-size:80%;
text-decoration:underline;
}

.toc-entry-col1, .toc-entry-col2, .toc-entry-col3 {
padding-left: 5px;
font-size:70%;
}
</style>

အထက်ပါ ကုဒ်တွေကိုလည်း မိမိ စိတ်ကြိုက် customize လုပ်လို့ပါတယ်။ width, background color,border style and color နှင့် text decoration စာတာတွေကို လုပ်လို့ပါတယ်။ ယခုကုဒ်တွေ ကတော့ ယခု တန်းပလိတ် အတွက် အသုံးပြု ထားတဲ့ကုဒ်တွေ ဖြစ်ပြီး အများအားဖြင့် အဆင်ပြေပြေ မြင်နိုင်စေမယ့် ကုဒ်များဖြစ်မယ်လို့ ယူဆပါတယ်။

လိုအပ်တာများရှိခဲ့ လိုရှိရင်လည်း ကော်မန့်မှာ မေးထားခဲ့လို့ရပါတယ်။
အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ။
beautifulbeta ရဲ့ မူရင်းပို့စ် ကိုလည်းသွားရောက် လေ့လာနိုင်ပါတယ်။

Read More...


 

3 comments Labels:

ပို့စ်မတင်ဖြစ်တာ တော်တော်ကြာပါပြီ။ ဘလော့ကို ပစ်မထားချင်ပေမယ့် တစ်ခါတလေ ကျတော့လည်း ပို့စ်တင်ဖို့ စိတ်မပါ ဖြစ်နေတတ်တယ်။.. သူများ ပို့စ်တွေကို ကြည့်ပြီးတော့ အားကျမိတာ ကတော့ အမှန်ပါ။..အခု R ဇာနည် ရဲ့ သီချင်းလေး တစ်ပုဒ်ကို တင်မလို့ပါ။ စာသားတွေ က အများကြီးမပါ ပါဘူး။..ဒါပေမယ့် ခံစားချက်ရှိတဲ့သူတွေ အတွက်တော့ တကယ့်ကို တိတိကျကျ ရေးပေးထား သလိုပါပဲ။...လာရောက် လည်ပတ်ကျတဲ့ လူတွေထဲမှာ ကျွန်တော်နဲ့ ခံစားချက်ခြင်းတူမယ့် သူတွေ အများကြီး ပါနိုင်ပါတယ်။ဒါကြောင့် ဒီသီချင်းလေးကို ပြန်မျှဝေ လိုက်ပါတယ်။သီချင်းလေးနဲ့ အတူ ခေတ္တခဏတာ ပဲ ဖြစ်ဖြစ် ရင်ထဲမှာရှိတဲ့ အလွမ်းလေးတွေ ဖြေဖျောက်နိုင်မယ်။ ပျော်ရွှင်ကြည်နူးကြမယ် ဆိုရင် ရောက်ရကျိုးနပ်တာပေါ့။.. ဟုတ်တယ်ဟုတ်...

သီချင်းလေး ခေါင်းစဉ်က .. ကိုယ့်အနားရှိစေချင် ....

ကိုယ့်အနားရှိစေချင်( click to download song )








post signature

Read More...


 

6 comments Labels:

ဒီနေ့ ဘလော့နေ့ ဆိုတာကို ကျွန်တော့် သူငယ်ချင်း ကိုဖြိုး ပြောတော့ မှပဲသိတော့ တယ်ဗျာ.. ဒီမို့ ဆီမှာ ဘလော့ ၂၀၀၇ လို့ တင်ထားတုန်းက ဘာပါလိမ့်ပေါ့ ... စဉ်းစား နေသေးတယ်... အဲဒါနဲ့ ဘလော့လေးကို ၀င်ကြည့်တော့ သူရိန်က happy blog day!! လို့ စီဗုံးမှာ လာအော်ထားတာ တွေ့တယ်...။ သူငယ်ချင်းတွေ ဒီလောက် အော်နေတာ ကိုတောင် ကျွန်တော် မသိတာ ကျွန်တော် တော်တော် နောက်ကျ ကျန်နေပြီ ဆိုတာ သိလိုက်တယ်..။ ဒီနေ့မှာ ဒီပို့စ်လေးကို တင်ချင်လာတာက ကျွန်တော့် သူငယ်ချင်းကောင်းကြီး..း) ကိုဖြိုးက ကျွန်တော့်ကို သူ့ ဘလော့မှာ ချီးမြှောက် ထားလို့ ကျွန်တော့် ဆီမှာလည်း ပြန်တင်ချင်လို့ပါ...။

သူလိုချင်သမျှကို လုပ်ပေးလို့တဲ့ သူကိုယ်တိုင် လက်မှတ်ထိုးပြီး ပေးလိုက်တယ်.. ကျွန်တော့်ကို Dr.blogger တဲ့..။ နည်းနည်းတောင် မြောက်သွားပြီ..။ ဘယ်လိုဘွဲ့မျိုးလဲ သိအောင် သူလုပ်ပေးထားတဲ့ လက်မှတ်ကို တင်ထားပါတယ်...။ သူများ certificate တွေက စာသား အသားပေးပါ..။ ကျွန်တော့် ဟာကတော့ ဓာတ်ပုံ အသားပေး လုပ်ထားတာပါ။ တစ်ကိုယ်လုံးပုံနဲ့ လုပ်ပေး လိုက်တာ ဖြစ်ပါတယ်။ ဓာတ်ပုံက နည်းနည်း ၀ါးနေတာကို ခွင့်လွတ်ပါ..။ လုပ်နေရင်း လက်တုန်သွားလို့ပါ.. ဟဲဟဲ..။ သူကိုယ်တိုင် လက်မှတ်ထိုး ထားပေးတယ်..။ ကျွန်တော့် အတွက် အထူး စပါယ်ရှယ် လုပ်ပေးချင်ပေမယ့် အချိန်မရလို့ ဒီလောက်ပဲ လုပ်ပေးနိုင်တာပါ လို့လည်း စကားခံ သွားသေးပါတယ်..။ ဘာပဲဖြစ်ဖြစ်လေ.. တော်တော်တော့ မြောက်သွားပြီ....။ ကဲ ဒေါက်တာ ဖြစ်သွားပြီ ဆိုတော့ကား... ကုမယ်ဗျာ ။ ဆေးတော့ မဟုတ်ပါဘူး..။ ဘလော့ များသာဖြစ်ပါတယ်..။ ယုံကြည်သူများ အပ်နှံ နိုင်ပါပြီ..။


Read More...


 

No Comment Labels:

သီချင်းတွေကို လူတွေ ဘယ်လိုခံစားကြလဲ..? ကျွန်တော့် အတွက် စိတ်ညစ်ရင်ပဲဖြစ်ဖြစ် အနားယူတာပဲဖြစ်ဖြစ် စာတွက် နေရင်ပဲဖြစ်ဖြစ် ကွန်ပျုတာ ကိုင်နေရင်ပဲဖြစ်ဖြစ် သီချင်း နားထောင်လေ့ ရှိပါတယ်။.. နောက်ပြီး အခန်းဖော် သူငယ်ချင်းတွေ ကလည်း သီချင်း ၀ါသနာပါတဲ့သူတွေ ဖြစ်လေတော့ သီချင်း တော်တော် များများကို နားထောင် ဖြစ်ပါတယ်။ အတော်များများ ဆိုတာ အမျိုးအစားကို ပြောတာပါ။ မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား အမျိုးကို စုံနေတာ ပါပဲ။ ရှေးသီချင်း၊ ဂန္တ၀င်သီချင်း တွေက အစ အလွမ်းအဆွေး၊ အချစ်သီချင်း တွေလို ဖီးလင် သီချင်းတွေ အပြင်ကို ဟစ်ဟော့ သီချင်းတွေ၊ ရောဒ့်သီချင်းတွေ၊ အပြင်းစား သံစဉ် တွေလည်းပါပါတယ်။.. အဆိုတော် တွေလည်း အစုံပေါ့.. အဆိုတော်၊ အဆိုတော်မမ တွေ များမှများပါပဲ။..

တစ်ချို့လည်း ချစ်စရာ ကောင်းပါတယ်.. ဥပမာ JoJo လို အဆိုတော်မျိုး၊ J Lo လိုအဆိုတော် မျိုးဆိုရင် အားပေးပါတယ်။.. မျက်နှာလိုက် အားပေးတာ မျိုးတော့ မဟုတ်ပါဘူး.. :) Beyonce လို အဆိုတော်မျိုး ကိုလည်း ကြိုက်ပါတယ်။... Pussycat Dolls အဖွဲ့ ကိုလည်း ကြိုက်တယ်။..ထားပါတော့လေ. ကြိုက်တာတွေ ပြောရရင် အဆိုတော် တွေ တော်တော် များများ နာမည်တွေ ထည့်ရေးရတော့ မှာပါ။ အခု ဒီပို့စ်မှာ ဘာကို share ပေးချင်တာလဲ ဆိုတော့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် ရှာဖွေ စုဆောင်းထားတဲ့ သီချင်း တွေကိုပါ... မြန်မာနိုင်ငံ မှာ ကော်ပီဆိုတာက အားလုံး လုပ်နေကြသလိုပဲ ဆိုတော့ အဲဒီကော်ပီတွေရဲ့  မူရင်း သီချင်းတွေကို နားထောင် ကြည့်ချင်ကြမှာပါ... အားလုံးကို မဟုတ်ရင်တောင် ကိုယ့် အကြိုက် အဆိုတော်ရဲ့ သီချင်းတွေကိုတော့ နားဆင် ချင်ကြမယ်လို့ ထင်ပါတယ်... ကျွန်တော့် သူငယ်ချင်းတွေက တပင်တပန်း ရှာဖွေထားတဲ့ သီချင်းတွေရဲ့ မြန်မာ အဆိုတော်ကတော့ ရော့ဒ် သီချင်းတွေကို အသံကောင်းကောင်း နဲ့ ဆိုနိုင်တဲ့၊ လူငယ် တော်တော်များများရဲ့ crazy ဖြစ်တဲ့ “လေးဖြူ” ဖြစ်ပါတယ်။

လေးဖြူ crazy များအနေနဲ့ သူ့ရဲ့ မူရင်း သီချင်းများကို လိုချင် လိမ့်မယ် လို့မျှော်လင့် တာကြောင့် ပြန်ပြီး မျှဝေလိုက်ပါတယ်....။ Jet audio, window media player စတဲ့ player တွေနဲ့ ဖွင့်မယ်ဆိုရင် သီချင်း စာသား များကိုပါ ကြည့်လို့ရအောင် စီစဉ် ထားပါတယ်လို့ ဆိုပါတယ်...။ တေးစီးရီး တစ်ခု ချင်းစီကို ပြုစုထားတာ ဖြစ်ပါတယ်.. အောက်မှာ ပါတဲ့ လင့်တွေမှာ တေးစီးရီး အလိုက် ခေါင်းစဉ်တွေနဲ့ လင့် ချိတ်ထားပါတယ်...။ rapid share မှာ တင်ထားတာ ဖြစ်ပါတယ်...။ ကျွန်တော့် သူငယ်ချင်းများက သီချင်း ချစ်သူ များကို welcome ပါတဲ့...။ သူတို့နဲ့ ဆက်သွယ် ချင်တယ် ဆိုရင်တော့ ကျွန်တော် တင်ထားတဲ့ credit မှာ ပါပါတယ်...။ သီချင်း ချစ်သူများ ဂျီရိပ်ခိုရင်း သီချင်းအကြောင်း ဆွေးနွေး နိုင်ပါတယ် ဆိုတဲ့ အကြောင်း ...... အငဲ .. မျိုးကြီး သီချင်းများ ကိုလည်း စုဆောင်းနေပါတယ် ဆိုတဲ့ အကြောင်း.... ပြောရင်း....

လေးဖြူ သီဆိုခဲ့သော မူရင်းသီချင်းများ

ကန္တာရ လမင်း
ပင်လယ်အော်သံ
ဂီတ မဉ္ဖူရီ
ပါဝါ
ကျိန်စာ
ရာစုသစ်
အိပ်မက်ကဗျာ
အယ်(လ်)အမ်အန်(န်)
အရည်ပျော်ခြင်းနှင့် အခမဲ့

Credit to: ကိုအောင်မြတ်စိုး aungmyatsoe905@gmail.com
ကိုထင်လင်းအောင် htinlinaung82@gmail.com

post signature

Read More...


 

68 comments Labels: ,

ခုတစ်ခါ မိတ်ဆက်ပေးမှာက pfingo ဆိုတဲ့ အင်တာနက် ဖုန်းလေးပါ။ ကျွန်တော့် သူငယ်ချင်းတွေ အားလုံးကတော့ သိပြီးသားပါ။ မသိသေးတဲ့ စာဖတ်သူများ အတွက် ရည်ရွယ်ပါတယ်။ pfingo ဆိုတာက online ကနေ softpone ကို အသုံးပြုပြီး သာမန်ဖုန်း တွေကို ဖုန်းခေါ် ပြောဆိုလို့ ရတဲ့ Application တစ်ခုပါ။

စင်ကာပူနိုင်ငံကို trail အနေနဲ့ free ခေါ်လို့ရပါတယ်။ Trail ကာလက တော်တော် များများ ကျန်သေးပါတယ်။ ကျွန်တော့်လို စင်ကာပူကို ဖုန်းခေါ်ချင်တဲ့ သူတွေ အတွက်တော့ တော်တော့် ကို အဆင်ပြေပါတယ်။ အခြားနိုင်ငံတွေ ကိုလည်း ခေါ်လို့ရပါတယ်။.. free တော့ မဟုတ်ပါဘူး။ rate တွေက မတူပါဘူး။ sms လည်းပို့ လို့ရပါတယ်။

စလုပ်ခါစက account တစ်ခုလုပ်ရင် စင်ကာပူ (၁၅) ဒေါ်လာ ပေးပါတယ်။
အခုနောက်ပိုင်းတော့ (၃) ဒေါ်လာပဲပေးတော့ပါတယ်။
Invite လုပ်တာကို accept လုပ်ပြီး account လုပ်မယ်ဆိုရင်တော့ +၃ ဒေါ်လာ ပေးမှာမို့ စုစုပေါင်း (၆) ဒေါ်လာရမှာဖြစ်ပါတယ်။
Account တစ်ခုလုပ်ဖို့ အတွက်ကို Mobile ph တစ်လုံး လိုပါတယ်။
Account ကို activate လုပ်ဖို့လိုတဲ့ pin no. ကို moblie ph ကိုပို့ပေးလို့ပါ။

ခုဒီနေ့မှာပဲ pfingo ကနေပြီးတော့ ရောက်လာတဲ့ ADV တစ်ခုမှာ ဘာပါလာလဲ ဆိုတော့
banner လေးပါ။..
အရင် Invite လုပ်သလိုပါပဲ... account လုပ်ချင်တဲ့သူက ဘန်နာလေးကို click တာနဲ့ sign up လုပ်တဲ့ စာမျက်နှာကို ရောက်သွားမှာဖြစ်ပါတယ်။
သူ့ရဲ့ procedure အတိုင်း account လုပ်ရုံပါပဲ။

ဒီ pfingo အကြောင်းကို ကျွန်တော့်မှာအရင်ထဲက တင်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော့် ချစ်သူနဲ့ အမြဲ မပြတ် ဆက်သွယ်ခွင့် ရအောင် ကူညီပေးခဲ့အရာလေး မို့ပါ။
ခုမှတင်တယ်ဆိုတာ.. ဘလော့မှာ ဘန်နာထည့်လို့ရသွားတာလည်းပါပါတယ်။
နောက်တစ်ခုက ခုဟာလေးက ကြော်ငြာ အနေနဲ့ ကျွန်တော့် ဆိုဒ်ဘားမှာ ၀င်နေမှာ ဆိုတော့ ကျွန်တော့် ဘလော့ရဲ့ ပထမဆုံး ကြော်ငြာလေးပေါ့။
ကျွန်တော်ချန်ထားတာ တစ်ခုကျန်ပါသေးတယ်။..း)

အဲဒါဘာလဲ ဆိုတော့ ကျွန်တော် တင်ထားတဲ့ ဘန်နာလေးက နေပြီး Account လုပ်မယ်ဆိုရင် ကျွန်တော်လည်း (၃) ဒေါ်လာတန် ဘောင်ချာတစ်ခု ရမှာပါ။
အဲဒီတော့ ဘယ်သူတွေ လုပ်မလဲ.. အားလုံးကို welcome ပါ။း)

လိုချင်သူများ ဒီနေရာကနေ softphone ကို download လုပ်ပါ။


post signature

Read More...


 

Older Posts

Search

Table of Contents

About Me

တစ်လှမ်းပြီးတော့ တစ်လှမ်းလျှောက်၊ အဝေးဆုံး ခရီးကိုရောက်။ အပ်တစ်ချက်ပြီးတစ်ချက်သီ၊ ဧရာအစုတ်ကြီး ဖာထေးပြီးပြီ။ အုတ်တစ်ချက်ပေါ် တစ်ချက်ဆင့်၊ မိုးထိတံတိုင်းမြင့်။ နှင်းတစ်ပွင့်ပေါ် တစ်ပွင့်ကျ၊ နှင်းထုဧရာကြီးလေစွ။
eXTReMe Tracker