Showing posts with label Education. Show all posts
Showing posts with label Education. Show all posts
No Comment Labels: ,

ဘလော့ခ် ရေးတယ် ဆိုတာလည်း ပိုးတစ်မျိုးပါပဲ။ ကိုယ့် ဘလော့ခ်ရဲ့ template ကို အမျိုးမျိုး ပြင်နေတာ နဲ့ကိုပဲ အချိန်က ကုန်မှန်းမသိ ကုန်နေ တော့တာပါပဲ။ ကိုယ်သိတာလေး တွေကို share ပေးလို့ရတယ်။ ကိုယ်သိချင်တာ ကိုလည်း လိုက်ရှာ လို့ရတယ်။ ဖတ်ချင်တာတွေ ကိုလိုက်ရှာ လို့ရတယ်။
နောက်ပြီး template ကို ပြင်မယ်။ script တွေထည့်မယ်။ hacks လေးတွေညှပ်မယ်။ ပြင်ဆင်နေတာ နဲ့တင် ပို့စ်တင်ဖို့ ကျတော့ မတင်ဖြစ်တော့ဘူး။ ပို့စ်တင်တာမှာ အားနည်းတယ်။ ပို့စ် များများ တင်ပါလို့ သူငယ်ချင်းတွေက ပြောကြတယ်။ တင်မယ်. တင်မယ်နဲ့ အားတင်း မိတာလည်း အခါခါပါပဲ။ ဒါပေမယ့်လည်း တကယ်တမ်း ကျတော့ မတင်ဖြစ်ဘူး။ အဓိက ကတော့ စာရေးတာ အားနည်း တာပဲ ဖြစ်မယ်ဆိုတာ ကိုယ့်ကိုကိုယ် သုံးသပ်မိတယ်။
ဒီနေ့မနက်လည်း သူငယ်ချင်းတစ်ယောက် (ချော်တွင်းကုန်းလူမိုက်.. ဟဲ.. ဟဲ မှားလို့.. ချော်တွင်းကုန်းသား) ကပြောပါတယ်။ ဘလော့ခ် ရေးနေတယ်ဆိုလို့ သူအနေနဲ့ သိတဲ့ ebooks site အညွှန်း တစ်ခုကို ပြောပါတယ်။ မြန်မာ့ e-library ရဲ့ site ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာ့ စာအုပ်စာတမ်း နဲ့ပတ်သတ်ပြီး တော်တော် စုံစုံလင်လင် စုစည်း ထားတာကို တွေ့ရပါတယ်။ မြန်မာ့ ရှေးဟောင်း စာပေတွေ အနေနဲ့ ပေ၊ ပုရပိုက် ကအစ ယခုအချိန် တိုင်အောင် မြန်မာ့ စာအုပ်စာတမ်း တော်တော် များများကို တင်ထား ပေးတာကို တွေ့ရပါတယ်။ Technology အနေနဲ့ သိပ်မတွေ့ရပေမယ့် encyclopedia များ၊ text book များကို တင်ထားတာကို တွေ့ရပါတယ်။ Thesis & term paper section မှာလည်း Doctor of philosophy များရဲ့ Thesis များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ e-library ရဲ့စာအုပ် တော်တော် များများကို တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှာရရှိနိုင်ပါတယ်။
စာဖတ်သူအနေနှင့် မြန်မာ့ အွန်လိုင်း စာကြည့်တိုက်တစ်ခုကို သိရှိနိုင်စေဖို့အတွက်ကို ဒီပို့စ် ကိုတင်လိုက်တာဖြစ်ပါတယ်။ မြန်မာ့ စာအုပ်စာတမ်း များကို ရှာဖွေ နေသူများအတွက် ကောင်းမွန်တဲ့ site တစ်ခု ဖြစ်ပါတယ်။ စာအုပ်များကိုလည်း download ရယူနိုင်ပါတယ်။
Site url ကတော့ http://www.elibrary.com.mm/index.php ဖြစ်ပါတယ်။


post signature

Read More...


 

Older Posts

Search

Table of Contents

About Me

တစ်လှမ်းပြီးတော့ တစ်လှမ်းလျှောက်၊ အဝေးဆုံး ခရီးကိုရောက်။ အပ်တစ်ချက်ပြီးတစ်ချက်သီ၊ ဧရာအစုတ်ကြီး ဖာထေးပြီးပြီ။ အုတ်တစ်ချက်ပေါ် တစ်ချက်ဆင့်၊ မိုးထိတံတိုင်းမြင့်။ နှင်းတစ်ပွင့်ပေါ် တစ်ပွင့်ကျ၊ နှင်းထုဧရာကြီးလေစွ။
eXTReMe Tracker