Showing posts with label joke. Show all posts
Showing posts with label joke. Show all posts
312 comments Labels:

တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ နည်းပညာဆိုင်ရာ တိုးတက်မှုတွေနဲ့ အတူ အချက်အလက် စုဆောင်းထားရှိမှု ကလည်း တိကျခိုင်မာလာပါတယ်။
အဲဒါနဲ့ ပတ်သတ်တဲ့ ဟာသလေးတစ်ခုကို forward mail တစ်ခုရလို့ မြန်မာမှု ပြန်ပြုထားပါတယ်..
၂၀၂၀ မှာဖြစ်လာမယ့် ၀န်ဆောင်မှုကို သိချင်တယ်ဆိုရင်

အော်ပရေတာ။ “ကျနော်တို့ ဆိုင်ကို ခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ ...”

စားသုံးသူ။ “ဟဲလို.... ကျွန်တော် မှာစရာရှိ...”

အော်ပရေတာ။ “ဆရာရဲ့ စွယ်စုံသုံးကဒ် နံပါတ်လေး သိခွင့် ရှိမလား ခင်ဗျာ..”

စားသုံးသူ။ “အဲဒါ..အာ. ခဏ.. ၈၈၉၈၃၆၄၈၅၀၃၇၂၆၂၉ ၂၃၇၂ -၄၈၈ -၄၂၇၂ ...”

အော်ပရေတာ။ “ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ.. ဆရာ့ရဲ့ အိမ်လိပ်စာကတော့ ၂၃ အလင်္ကာလမ်း ဖြစ်ပြီး ရုံးဖုန်း ၄၆၈၂၇၂၉ နဲ့ မိုဘိုင်းဖုန်း ၀၆၉၃၈၃၇၂၇ ဖြစ်ပါတယ်။ ခု ဆရာ ဘယ်နံပါတ်က ခေါ်နေတာပါလဲ ခင်ဗျာ..”

စားသုံးသူ။ “အိမ်ကပေါ့ကွ။ မင်းဘယ်လိုလုပ် ငါ့ဖုန်းနံပါတ်တွေ အကုန်သိနေတာလဲ...”

အော်ပရေတာ။ “ကျနော်တို့က စနစ်အားလုံးနဲ့ ချိတ်ဆက်ထားလို့ပါ ဆရာ..”

စားသုံးသူ။ “ထားပါတော့... ခု ပင်လယ်စာ ပီဇာ မှာ ချင်လို့ .. ရမလား...”

အော်ပရေတာ။ “အဲဒါ ဆရာ့ အတွက် သိပ်မကောင်းပါဘူး..”

စားသုံးသူ။ “ဟ.. ဘာဖြစ်လို့တုန်းကွ...”

အော်ပရေတာ။ “ဆရာ့ရဲ့ ဆေးစစ်ချက်မှတ်တမ်း အရ၊ အခု ဆရာ့မှာ သွေးတိုးရှိနေတဲ့ အပြင် ကိုလက်စတော ပါဝင်မှုလည်းများနေပါတယ်...”

စားသုံးသူ။ “ဘာဖြစ်တယ်!!.. ဒါဆိုရင် မင်းကဘာကို စားသင့်တယ် ထင်လဲ...”

အော်ပရေတာ။ “ဆီပါဝင်မှုနည်းတဲ့ ဂျပန်စတိုင် ပီဇာ ကို စမ်းစားကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်.. ဆရာ ကြိုက်မှာပါ...”

စားသုံးသူ။ “မင်းက ဘာဖြစ်လို့ ငါကြိုက်မယ်လို့ သေချာပြောနိုင်ရတာလဲ...”

အော်ပရေတာ။ “ ပြီးခဲ့တဲ့ အပတ်က ဆရာ နိုင်ငံပိုင် စာကြည့်တိုက်ကနေ စာအုပ်တစ်အုပ် ဌားထားပါတယ်။ စာအုပ်နာမည်က “ ထင်ရှားသော ဂျပန်စတိုင် ဟင်းလျာများ ” မို့လို့ပါ..”

စားသုံးသူ။ “ဟား.. ဟုတ်ပြီ. ဟုတ်ပြီ. ငါ အရှုံးပေးပြီ... ငါ့ကို မိသားစုစာ (၃) ခု ပေးစမ်းကွာ.. ဘယ်လောက်ကျလဲ...”

အော်ပရေတာ။ “ဟုတ်ကဲ့.. ခုဟာကတော့ ဆရာ့ မိသားစု (၁၀) ယောက်လုံးစာ လုံလောက်ပါတယ်... စုစုပေါင်း ၄၉.၉၉ ဒေါ်လာပါ...”

စားသုံးသူ။ “အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရလား..”

အော်ပရေတာ။ “ဆရာ ကျနော်ကို လက်ငင်းငွေသားနဲ့ ရှင်းပေးစေချင်ပါတယ်... ဆရာ့ အကြွေးဝယ်ကဒ်က သုံးခွင့်ပြုထားတဲ့ ပမာဏထက် ကျော်နေပါပြီ။ နောက်ပြီး ဆရာ ဘဏ်ကို ပေးစရာ ၃၄၇၆.၄၅ ဒေါ်လာ ရှိနေတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းကပါ... အဲဒါ ဆရာ့အိမ်ဌားခ တွေမပါသေးပါဘူး...”

စားသုံးသူ။ “ဒါဆို မင်းဆီက လာပို့တဲ့လူ မလာခင် ငါက ဒီနားက အေတီအမ် စက်မှာ သွားပြေးထုတ်ထားရမယ် ထင်တယ်...”

အော်ပရေတာ။ “ဆရာ ထုတ်လို့ရမှာ မဟုတ်ပါဘူး.. မှတ်တမ်းတွေအရ၊ ဆရာ ဒီနေ့အတွက် ခွင့်ပြုပမာဏကို ထုတ်ယူပြီး ဖြစ်နေပါပြီ...”

စားသုံးသူ။ “ကိစ္စမရှိပါဘူး.. ပီဇာကို သာရောက်အောင် ပို့လိုက်ပါ.. ငါ့ဆီမှာ ငွေသားရှိပါတယ်... ဒါနဲ့ ဘယ်လောက် ကြာမလဲကွ...”

အော်ပရေတာ။ “(၄၅) မိနစ်လောက်တော့ ကြာပါမယ်ဆရာ..ဆရာ မစောင့်နိုင်ဘူး ဆိုရင်တော့ ဆရာ့ဆိုင်ကယ်ကို စီးပြီး လာယူလို့ရပါတယ်...

စားသုံးသူ။ “ဘာ!!!”

အော်ပရေတာ။ “စနစ်တွေမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေအရ၊ ဆရာ့မှာ ဆိုင်ကယ်တစ်စီးရှိပြီးတော့ မှတ်ပုံတင်နံပါတ် ၉၂၇၃၄၈ .....

စားသုံးသူ။ “?????????”

အော်ပရေတာ။ “ဘာအလိုရှိသေးပါသလဲ ဆရာ..”

စားသုံးသူ။ “ မရှိဘူး !! စကားမစပ် ကိုလာ (၃) လုံးလောက် ကြော်ငြာအနေနဲ့ မပေးနိုင်ဘူးလား..”

အော်ပရေတာ။ “သာမန်အားဖြင့်တော့ ပေးနိုင်ပါတယ်.. ဒါပေမယ့် မှတ်တမ်းတွေအရ..ဆရာ့မှာ ဆီးချို.....”

စားသုံးသူ။ “***%&$%%### $##$%%@!)))”

အော်ပရေတာ။ “ဆရာ ပြောတာဆိုတာ ကိုကြည့်ပြောရင် ကောင်းပါမယ်.. ဆရာ ၁၉၈၇ ဇူလိုင်လ (၁၅) ရက် တုန်းက ဆရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှု အတွက် အပြစ်ဒဏ်ချခံရဖူးတာ အမှတ်ရပါ..”

စားသုံးသူ။ မူးလဲသွားပါတယ်...

Read More...


 

315 comments Labels:

ကျောင်းမှာတုန်းက ကျွန်တော်တို့ကို Hydrology ဘာသာရပ် ကိုသင်တဲ့ ဆရာကြီး ဦးလှခိုင် ပြောတာကို အမှတ် ရမိပါတယ်... ဆရာကြီးက အင်္ဂလန်ကို ပညာ တော်သင် သွားခဲ့ ဖူးသူပါ။ “ဘယ်နိုင်ငံသားမဆို ဟာသနဲ့ ပတ်သတ် လာရင် sex နဲ့ဆက်နွယ်တဲ့ ဟာသလေး တွေကို သဘောကျ ကျတယ်“ လို့ဆိုတယ်။ ကျွန်တော်လည်း အဲဒီလို ဟာသလေး တွေ့တာနဲ့ တင်ထား လိုက်တာပါ။ ခံစား ကြည့်ပါ။

“ဘုန်းကြီးတောင် ကြောက်သွားတယ် ...“

တနေ့မှာ ဘုရားကျောင်းတခုကို လူတယောက်ရောက်လာသတဲ့ ...။ သူ့ပုံစံကလဲ တခုခုကိုနောင်တရနေသလိုနဲ့။ အထဲကိုဝင်လာပြီး ဘုန်းကြီးနဲ့တွေ့တယ်။ အဲဒီမှာ အရိုအသေပေးဘာညာနဲ့ ပြီးတော့ သူက ...
"ဖာသာ တပည့်တော် အာပတ်ဖြေချင်လို့ပါ"
"အင်း ပြော သားတော် ...ဖာသာ နားထောင်ပေးမယ်"
"တပည့်တော် မနေ့က သူငယ်ချင်းတယောက်အိမ်ကိုသွားခဲ့ပါတယ် ဖာသာ ...အဲဒီနေ့ကသူငယ်ချင်း အိမ်မှာ မရှိပါဘူး။ တပည့်တော် သူ့မိန်းမနဲ့ စကားစမြည်ပြောပြီး ပြန်ဖို့လဲလုပ်ရော...လေကြီးမိုးကြီးကျလာပါတယ် ဖာသာ။ အဲဒါနဲ့ အဲဒီမှာပဲ အိမ်မပြန်ဘဲ အိပ်လိုက်ရပါတယ်...ညလဲရောက်ရော သူငယ်ချင်းမိန်းမနဲ့ မှားမိပါတယ် ဖာသာ "
"နောက်ကိုတော့ ဆင်ခြင်ပေါ့ သားတော် ...ဖာသာ ခွင့်လွှတ်ပါတယ်"
"ဟုတ်ကဲ့ပါ ဖာသာ"
အဲဒီလိုနဲ့ အဲဒီလူပြန်သွားရော ...ဖာသာကတော့ လုပ်ရိုးလုပ်စဉ် အာပတ်ဖြေတာလို့ပဲထင်မိတာပေါ့။ ဒါနဲ့ နောက်တပတ်လဲ ရောက်ရော ဒီလူပဲ ပြန်လာပြန်ရော ...။
"ဖာသာ တပည့်တော် အာပတ်ဖြေချင်ပါတယ် ဖာသာ "
"အင်း ပြောလေ ဒီတခါ ဘာဖြစ်ပြန်ပြီလဲ"
"တပည့်တော် ဒီတခါလဲ သူငယ်ချင်းအိမ်ကိုသွားပါတယ် ဖာသာ ...သူငယ်ချင်းလည်း ရှိပါတယ်။အဲဒီနေ့က မိုးတွေရွာနေတယ် ...တပည့်တော်မှာလဲ ထီးမပါတာနဲ့ သူတို့အိမ်မှာပဲအိမ်လိုက်ပါတယ် ဖာသာ။ ညကျတော့ သူ့မိန်းမနဲ့ မှားမိပါတယ်"
"အင်း အင်း ဖာသာခွင့်လွှတ်တယ်"
နောက်တပတ်လဲ အဲဒီလူရောက်လာပြန်ရော ...
"ဖာသာ ..."
"အင်းပြော ဘယ်မိန်းမနဲ့မှားခဲ့သလဲ"
"ဒီတခါလဲ သူငယ်ချင်းအိမ်ကိုသွားပါတယ် ဖာသာ ...မိုးတွေရွာနေတာနဲ့ ...အိမ်မပြန်ဘဲ အဲဒီမှာပဲအိပ်လိုက် တယ် ဘုရား ...ဒီတခါ သူငယ်ချင်းသမီးနဲ့မှားမိပါတယ်"
"အင်း ဖာသာခွင့်လွှတ်တယ် ...သြော် မိုးတွေတောင်အုံ့လာပြီ ...ပြန်တော့လေ ထီးမပါရင်ဖာသာ့ထီးကို ယူသွားနော် ..."

ဘ၀အမောပြေပျောက်စေ....

post signature

Read More...


 

No Comment Labels:

အောက်မှာထည့်သွင်းထားတဲ့ photoတွေမှာ သင့်အတွက်တစ်စုံတစ်ရာ ရှိမှာပါ။


first
second

ဘ၀အမောပြေပျောက်စေ..




post signature

Read More...


 

No Comment Labels:

ဟာသလေးတစ်ခုတင်မလိုပါ။...ဘယ်လိုစပြောရမယ်မသိလို့ ပုံပြင်တွေပြောသလိုပဲ စလိုက်မယ်..

  • ဟိုးရှေးရှေးတုန်းက.... တရားရုံးတစ်ခုကနေပြီးတော့ လူ(၃)ယောက်ကို သေမိန့်ပေးလိုက်သည်။
  • တစ်ယောက်ကရှေ့ နေ၊ တစ်ယောက်က ဆရာဝန်၊ တစ်ယောက်က အင်ဂျင်နီယာ။
  • ပထမဦးစွာ ရှေ့ နေကိုသေဒဏ်ပေးသည်။ သို့သော် မသေ။ ပြစ်ဒဏ်မှလွတ်သည်။ ၄င်းနောက် ဆရာဝန် အလှည့်တွင်လည်းမသေ။
  • အင်ဂျင်နီယာ အလှည့်ရောက်သောအခါ လျှပ်စစ်ထိုင်ခုံမှ လွတ်နေသော မီးကြိုးအား သေချာ ချည်၍ ပြုံးပြုံးကြီးတက်ထိုင်လိုက်သည်။
  • စိတ်ထဲမှာကျိတ်တွေးလိုက်ပုံများ… “ ငါ engineering sence ရှိလို့ပေါ့ကွာ ” .. တဲ့။


သင့်မှာရော ဘယ်လိုအတွေးမျိုးရှိမလဲ။ သင်သာအင်ဂျင်နီယာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်...


post signature

Read More...


 

Older Posts

Search

Table of Contents

About Me

တစ်လှမ်းပြီးတော့ တစ်လှမ်းလျှောက်၊ အဝေးဆုံး ခရီးကိုရောက်။ အပ်တစ်ချက်ပြီးတစ်ချက်သီ၊ ဧရာအစုတ်ကြီး ဖာထေးပြီးပြီ။ အုတ်တစ်ချက်ပေါ် တစ်ချက်ဆင့်၊ မိုးထိတံတိုင်းမြင့်။ နှင်းတစ်ပွင့်ပေါ် တစ်ပွင့်ကျ၊ နှင်းထုဧရာကြီးလေစွ။
eXTReMe Tracker