Showing posts with label computer related. Show all posts
Showing posts with label computer related. Show all posts
5
comments
Labels:
blog hacks,
computer related
မိမိရေးထားတဲ့ ပို့စ်တွေကို မာတိကာလေးတစ်ခု လုပ်ချင်တယ် ဆိုရင် blogger hacks တစ်ခုဖြစ်တဲ့ beautifulbeta ရဲ့ Table of Content Widget လေးကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Side Bar မှာ ရှိတဲ့ လင့်ကို click ကြည့်ရုံနှင့် မိမိပို့စ် အားလုံးရဲ့ အပေါ်ကနေပြီးတော့ Content တစ်ခုကျလာ မှာ ဖြစ်ပါတယ်။
အဲဒီ့ Content မှာ ကော်လံ (၃)ခု ပါဝင်ပါတယ်။ ပထမ ကော်လံကတော့ ပို့စ်တွေကို alphabetically စီထားတာ ဖြစ်ပြီး ဒုတိယ ကော်လံကတော့ နေ့စွဲနဲ့ပါ။ တတိယ ကော်လံကတော့ လေဘယ် ဖြစ်ပါတယ်။မိမိကြည့်လိုရာကို ခေါင်းစဉ်အလိုက် ရှာချင်တာ ပဲဖြစ်ဖြစ်၊ နေ့စွဲနဲ့ပဲ ရှာချင်တာပဲ ဖြစ်ဖြစ်၊ လေဘယ်လိုက်ပဲ ရှာ ချင်တာပဲ ဖြစ်ဖြစ် အဆင်ပြေပြေ အသုံးပြုလို့ရပါတယ်။ ကော်လံတွေကို click ပြီးတော့ ခေါင်းစဉ်တွေနဲ့ နေ့စွဲ အစီအစဉ်တွေကို ပြောင်းပြန် လုပ်ပြီးတော့လည်း ရှာနိုင်ပါတယ်။
ဘယ်လို install လုပ်မလဲ???
အဆင့်(၁)။ တန်းပလိတ်ကို back up လုပ်ပါ။ Download full Template ကို click ပြီး back up လုပ်ထားမှ သာ ပြည့်စုံတဲ့ တန်းပလိတ် back up ဖြစ်ပါမယ်။

အဆင့်(၂)။ Edit HTML ထဲမှ expend widget template ကို click ပြီး < b:section> ထဲမှာ id='main'. ပါဝင်တဲ့ ကုဒ်ကို ရှာဖွေပါ။

ထိုနောက် အောက်ပါ ကုဒ်ကို အစားထိုး ထည့်သွင်းပါ။
< b:section class='main' id='main' maxwidgets='2' showaddelement='yes'>
တန်းပလိတ်ကို save ပါ။
Page Elements Tab ကို သွားပါ။
Add a Page Element ကိုရွေးချယ်ပါ။ ပေါ်လာတဲ့ dailog box ထဲကမှ HTML/JavaScript ကို ရွေးချယ်ပါ။
ထိုနောက် အောက်ပါ ကုဒ်များကို ထည့်သွင်းပါ။ ခေါင်းစဉ်ထည့်သွင်းရန်မလိုပါ။
< div id="toc">< /div>
အဆိုပါ Page Element ကို Blog Posts Page Element ရဲ့ အပေါ်ကို ရွှေ့ပါ။ ထိုနေရာမှာ မိမိရဲ့ Content ပေါ်မှာ ဖြစ်ပါတယ်။

တန်းပလိတ်ကို save ပါ။
အဆင့်(၃)။ မိမိ Side Bar မှာ Content အတွက် Link ပြုလုပ်ဖို့အတွက် HTML-element တစ်ခု ပြုလုပ်ပါ။
ခေါင်းစဉ်ကို မိမိကြိုက်နှစ်သက်ရာ တစ်ခုခု ပေးနိုင်ပါတယ်။
အောက်ပါကုဒ်များကို ကူးထည့်ပါ။
< div id="toclink">< a href="javascript:showToc();">Show TOC< /a>< br/>< br/>< /div>
< script style="text/javascript" src="http://home.planet.nl/~hansoosting/downloads/blogtoc.js">< /script>
< script src="http://YOURBLOG.blogspot.com/feeds/posts/default?alt=json-in-script&max-results=999&callback=loadtoc">< /script>
ထို့နောက် YOURBLOG နေရာမှာ မိမိဘလော့ နာမည်ကို ပြောင်းလဲထည့်သွင်းပါ။
Element ကို save ပါ။
အဆင့်(၄)။ အခုအဆင့်ကတော့ ပေါ်လာမည့် Content မှာ လိုအပ်မယ့် style အတွက် css defination တွေ ဖြစ်ပါတယ်။အဲဒီ css တွေကို ထည့်မှ သာ ကောင်းမွန်စွာ ပေါ်မှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ ကုဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အဲဒီကုဒ်တွေကို < b:skin> အောက်မှာ ပဲ ဖြစ်ဖြစ်၊ မိမိ link ပြုလုပ်ထားတဲ့ Sidebar element ထဲမှာ ဖြစ်ဖြစ် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
Sidebar Element မှာ ထည့်သွင်းတာက ပိုမိုလွယ်ကူစေပါတယ်။
<style type="text/css">
#toc {
border: 0px solid #000000;
background: #ffffff;
padding: 5px;
width:500px;
margin-top:10px;
}
.toc-header-col1, .toc-header-col2, .toc-header-col3 {
background: #CCE6FF;
color: #000000;
padding-left: 5px;
width:250px;
}
.toc-header-col2 {
width:75px;
}
.toc-header-col3 {
width:125px;
}
.toc-header-col1 a:link, .toc-header-col1 a:visited, .toc-header-col2 a:link, .toc-header-col2 a:visited, .toc-header-col3 a:link, .toc-header-col3 a:visited {
font-size:80%;
text-decoration:none;
}
.toc-header-col1 a:hover, .toc-header-col2 a:hover, .toc-header-col3 a:hover {
font-size:80%;
text-decoration:underline;
}
.toc-entry-col1, .toc-entry-col2, .toc-entry-col3 {
padding-left: 5px;
font-size:70%;
}
</style>
အထက်ပါ ကုဒ်တွေကိုလည်း မိမိ စိတ်ကြိုက် customize လုပ်လို့ပါတယ်။ width, background color,border style and color နှင့် text decoration စာတာတွေကို လုပ်လို့ပါတယ်။ ယခုကုဒ်တွေ ကတော့ ယခု တန်းပလိတ် အတွက် အသုံးပြု ထားတဲ့ကုဒ်တွေ ဖြစ်ပြီး အများအားဖြင့် အဆင်ပြေပြေ မြင်နိုင်စေမယ့် ကုဒ်များဖြစ်မယ်လို့ ယူဆပါတယ်။
လိုအပ်တာများရှိခဲ့ လိုရှိရင်လည်း ကော်မန့်မှာ မေးထားခဲ့လို့ရပါတယ်။
အဆင်ပြေပြေ အသုံးပြုနိုင်ကြပါစေ။
beautifulbeta ရဲ့ မူရင်းပို့စ် ကိုလည်းသွားရောက် လေ့လာနိုင်ပါတယ်။
ယခုပို့စ်ကို Wednesday, March 05, 2008 တွင် ရေးသားထားတာဖြစ်ပြီး
blog hacks,
computer related
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
68
comments
Labels:
computer related,
internet phone
အခုတစ်ခါ မိတ်ဆက်ပေးမှာက pfingo ဆိုတဲ့ အင်တာနက် ဖုန်းလေးပါ။ ကျွန်တော့် သူငယ်ချင်းတွေ အားလုံးကတော့ သိပြီးသားပါ။ မသိသေးတဲ့ စာဖတ်သူများ အတွက် ရည်ရွယ်ပါတယ်။ pfingo ဆိုတာက online ကနေ softpone ကို အသုံးပြုပြီး သာမန်ဖုန်း တွေကို ဖုန်းခေါ် ပြောဆိုလို့ ရတဲ့ Application တစ်ခုပါ။
စင်ကာပူနိုင်ငံကို trail အနေနဲ့ free ခေါ်လို့ရပါတယ်။ Trail ကာလက တော်တော် များများ ကျန်သေးပါတယ်။ ကျွန်တော့်လို စင်ကာပူကို ဖုန်းခေါ်ချင်တဲ့ သူတွေ အတွက်တော့ တော်တော့် ကို အဆင်ပြေပါတယ်။ အခြားနိုင်ငံတွေ ကိုလည်း ခေါ်လို့ရပါတယ်။.. free တော့ မဟုတ်ပါဘူး။ rate တွေက မတူပါဘူး။ sms လည်းပို့ လို့ရပါတယ်။
စလုပ်ခါစက account တစ်ခုလုပ်ရင် စင်ကာပူ (၁၅) ဒေါ်လာ ပေးပါတယ်။
အခုနောက်ပိုင်းတော့ (၃) ဒေါ်လာပဲပေးတော့ပါတယ်။
Invite လုပ်တာကို accept လုပ်ပြီး account လုပ်မယ်ဆိုရင်တော့ +၃ ဒေါ်လာ ပေးမှာမို့ စုစုပေါင်း (၆) ဒေါ်လာရမှာဖြစ်ပါတယ်။
Account တစ်ခုလုပ်ဖို့ အတွက်ကို Mobile ph တစ်လုံး လိုပါတယ်။
Account ကို activate လုပ်ဖို့လိုတဲ့ pin no. ကို moblie ph ကိုပို့ပေးလို့ပါ။
ခုဒီနေ့မှာပဲ pfingo ကနေပြီးတော့ ရောက်လာတဲ့ ADV တစ်ခုမှာ ဘာပါလာလဲ ဆိုတော့
banner လေးပါ။..
အရင် Invite လုပ်သလိုပါပဲ... account လုပ်ချင်တဲ့သူက ဘန်နာလေးကို click တာနဲ့ sign up လုပ်တဲ့ စာမျက်နှာကို ရောက်သွားမှာဖြစ်ပါတယ်။
သူ့ရဲ့ procedure အတိုင်း account လုပ်ရုံပါပဲ။
ဒီ pfingo အကြောင်းကို ကျွန်တော့်မှာအရင်ထဲက တင်ဖို့ အစီအစဉ် ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော့် ချစ်သူနဲ့ အမြဲ မပြတ် ဆက်သွယ်ခွင့် ရအောင် ကူညီပေးခဲ့အရာလေး မို့ပါ။
ခုမှတင်တယ်ဆိုတာ.. ဘလော့မှာ ဘန်နာထည့်လို့ရသွားတာလည်းပါပါတယ်။
နောက်တစ်ခုက ခုဟာလေးက ကြော်ငြာ အနေနဲ့ ကျွန်တော့် ဆိုဒ်ဘားမှာ ၀င်နေမှာ ဆိုတော့ ကျွန်တော့် ဘလော့ရဲ့ ပထမဆုံး ကြော်ငြာလေးပေါ့။
ကျွန်တော်ချန်ထားတာ တစ်ခုကျန်ပါသေးတယ်။..း)
အဲဒါဘာလဲ ဆိုတော့ ကျွန်တော် တင်ထားတဲ့ ဘန်နာလေးက နေပြီး Account လုပ်မယ်ဆိုရင် ကျွန်တော်လည်း (၃) ဒေါ်လာတန် ဘောင်ချာတစ်ခု ရမှာပါ။
အဲဒီတော့ ဘယ်သူတွေ လုပ်မလဲ.. အားလုံးကို welcome ပါ။း)
လိုချင်သူများ ဒီနေရာကနေ softphone ကို download လုပ်ပါ။
ယခုပို့စ်ကို Wednesday, August 22, 2007 တွင် ရေးသားထားတာဖြစ်ပြီး
computer related,
internet phone
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
1 comments
Labels:
computer related,
download
အွန်လိုင်းပေါ်ကနေ ပြီးတော့ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ဂိမ်းတွေ၊ ဆော့ဖ်ဝဲလ် တွေနှင့် အခြား ဖိုင်တွေကို ဒေါင်းလုပ် လုပ်ချင်တယ် ဆိုရင် ဒေါင်းလုပ် လုပ်ပေးတဲ့ ဆော့ဖ်ဝဲလ် တွေ တော်တော် များများ ရှိပါတယ်။
အခု ကျွန်တော် ပြောမယ့် ဆော့ဖ်ဝဲလ် ကတော့ bitTorrent client software အကြောင်းပါ။
bitTorrrent client software တွေကတော့ အများကြီး ရှိပါတယ်။
ဗီဒီယို editing ဆော့ဖ်ဝဲလ် တစ်ခုလောက် လိုချင်ရာ ကနေ သူငယ်ချင်းတွေကို မေးရာက ကျွန်တော် သိလာတာကို ပြန်မျှဝေလိုက်ပါတယ်။
bitTorrent ရဲ့ offical web page ပေါ်မှာလည်း ဒေါင်းလုပ် ပေးထားပါတယ်။
bitTorrrent client software တွေထဲကမှ "Azureus" ဆိုတဲ့ ဆော့ဖ်ဝဲလ် အကြောင်းကို ဒီပို့စ်လေးမှာ မျှဝေသွားပါမယ်။
အခု ကျွန်တော် ပြောမယ့် ဆော့ဖ်ဝဲလ် ကတော့ bitTorrent client software အကြောင်းပါ။
bitTorrrent client software တွေကတော့ အများကြီး ရှိပါတယ်။
ဗီဒီယို editing ဆော့ဖ်ဝဲလ် တစ်ခုလောက် လိုချင်ရာ ကနေ သူငယ်ချင်းတွေကို မေးရာက ကျွန်တော် သိလာတာကို ပြန်မျှဝေလိုက်ပါတယ်။
bitTorrent ရဲ့ offical web page ပေါ်မှာလည်း ဒေါင်းလုပ် ပေးထားပါတယ်။
bitTorrrent client software တွေထဲကမှ "Azureus" ဆိုတဲ့ ဆော့ဖ်ဝဲလ် အကြောင်းကို ဒီပို့စ်လေးမှာ မျှဝေသွားပါမယ်။
ပထမဆုံး install လုပ်ကြရအောင်...
၁။ java runtime enviorment 1.4 (1.4 JRE) ကို အရင်ဆုံး install လုပ်ပါ။ ခုနောက်ပိုင်း မှာတော့ runtime enviorment က version 6 update 2 အထိရောက်နေပါပြီ။
၂။ Azureus software ကိုဒေါင်းလုပ် လုပ်ပြီး install လုပ်ပါ။
အသုံးပြုမယ့် စက်မှာ Java paltform ရှိပြီးသားဆိုရင် ထပ် Install လုပ်စရာ မလိုပါဘူး။ ဒေါင်းလုပ် လင့်များကို ပို့စ် အောက်ဆုံးမှာ ထည့်ပေးသွားပါမယ်။
ဒုတိယကတော့ download ဘယ်လိုလုပ်မလဲ ဆိုရင်...
၁။ Azureus software ကိုဖွင့်တာ နဲ့ သူ့ဆီမှာ provide လုပ်တာတွေကို catagories တွေအနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ click လုပ်ပြီး download လုပ်နိုင်ပါတယ်။
လိုချင်တာရှာလို့ရအောင် search box လေးကို အသုံးပြုနိုင်ပါတယ်။
၂။ အောက်မှာဖော်ပြထားတဲ့ web page တွေကနေပြီး မိမိလိုချင်တဲ့ ဖိုင်ရဲ့ (ရုပ်ရှင်၊ သီချင်း၊ ဆော့ဖ်ဝဲလ်) ".torrent" file ကို အရင် Internet brower နဲ့ ဒေါင်းလုပ်ချပါ။ သဘောအနေနဲ့ဆိုရင်... shortcut တစ်ခုလိုမျိုးပေါ့
အဲ့ဒီ ".torrent" file ကို Azureus software မှာ open လိုက်ရင် မိမိလိုချင်တဲ့ download ကို auto လုပ်ပေးသွားမှာဖြစ်ပါတယ်။
ဒေါင်းလုပ် လုပ်ပြီးသားတွေကို my document ထဲမှာ သိမ်းထားပေးပါတယ်။
ဒါတွေကတော့ .torrent file တွေကို ရှာလို့ရမယ့် web page တွေပါ။
http://thepiratebay.org/
http://www.animesuki.com/
http://www.torrentportal.com/
Java လိုအပ်သူများ download လုပ်ရန်
Azureus အတွက် download လုပ်ရန်
ဆက်လက်လေ့လာချင်သူများအတွက်
http://www.afterdawn.com/guides/archive/guide_to_azureus.cfm
http://bt.degreez.net/
http://krypt.dyndns.org:81/torrent/download.phtml
http://blackflaw.dyndns.org/
http://www.shareaza.com/
ယခုပို့စ်ကို Sunday, August 19, 2007 တွင် ရေးသားထားတာဖြစ်ပြီး
computer related,
download
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
No Comment
Labels:
computer related,
photo viewer
- light box image viewer ကို စမ်းသပ် ထားတာဖြစ်ပါတယ်။
- ဘလောဂ် မှာပါတဲ့ photo တွေကို new web page မဖွင့်ပဲ ကြည့်လို့ရတာ lightbox ရဲ့အားသာချက်ပါ။
- photo gallery အနေနဲ့ photo များကို လည်း စုပေါင်း ထည့်သွင်း လို့လည်း ရပါသေးတယ်။
- photo ရဲ့ real size ကိုကြည့်လို့ ရတဲ့အပြင် blog မှာလည်း လိုအပ်တဲ့ size နဲ့ထည့်လို့ရတော့ စိတ်ချမ်းသာ၊ လက်ချမ်းသာ edit လုပ်လို့ရတာပေါ့။ ( စိတ်ချမ်းသာ တာကိုတော့ သိတယ်ဗျာ၊ လက်ချမ်းသာတယ် ဆိုတာကိုတော့ သေချာမသိဘူးဗျ။ ဟီး.. မြန်မာစကား ကလည်း အရှူပ်သား။)
- Download ကိုတော့ lightbox vs 2.0 ကနေရနိုင်ပါတယ်။
- css file နဲ့ lightbox.js မှာ image တွေရဲ့ location ကို ပြန် define လုပ်ပြီး upload လုပ်ပြီး သုံးရင် တော့ရမှာဖြစ်ပါတယ်။
ယခုပို့စ်ကို Sunday, February 25, 2007 တွင် ရေးသားထားတာဖြစ်ပြီး
computer related,
photo viewer
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
Subscribe to:
Posts (Atom)
