Showing posts with label songs. Show all posts
Showing posts with label songs. Show all posts
3 comments Labels:

ပို့စ်မတင်ဖြစ်တာ တော်တော်ကြာပါပြီ။ ဘလော့ကို ပစ်မထားချင်ပေမယ့် တစ်ခါတလေ ကျတော့လည်း ပို့စ်တင်ဖို့ စိတ်မပါ ဖြစ်နေတတ်တယ်။.. သူများ ပို့စ်တွေကို ကြည့်ပြီးတော့ အားကျမိတာ ကတော့ အမှန်ပါ။..အခု R ဇာနည် ရဲ့ သီချင်းလေး တစ်ပုဒ်ကို တင်မလို့ပါ။ စာသားတွေ က အများကြီးမပါ ပါဘူး။..ဒါပေမယ့် ခံစားချက်ရှိတဲ့သူတွေ အတွက်တော့ တကယ့်ကို တိတိကျကျ ရေးပေးထား သလိုပါပဲ။...လာရောက် လည်ပတ်ကျတဲ့ လူတွေထဲမှာ ကျွန်တော်နဲ့ ခံစားချက်ခြင်းတူမယ့် သူတွေ အများကြီး ပါနိုင်ပါတယ်။ဒါကြောင့် ဒီသီချင်းလေးကို ပြန်မျှဝေ လိုက်ပါတယ်။သီချင်းလေးနဲ့ အတူ ခေတ္တခဏတာ ပဲ ဖြစ်ဖြစ် ရင်ထဲမှာရှိတဲ့ အလွမ်းလေးတွေ ဖြေဖျောက်နိုင်မယ်။ ပျော်ရွှင်ကြည်နူးကြမယ် ဆိုရင် ရောက်ရကျိုးနပ်တာပေါ့။.. ဟုတ်တယ်ဟုတ်...

သီချင်းလေး ခေါင်းစဉ်က .. ကိုယ့်အနားရှိစေချင် ....

ကိုယ့်အနားရှိစေချင်( click to download song )








post signature

Read More...


 

No Comment Labels:

သီချင်းတွေကို လူတွေ ဘယ်လိုခံစားကြလဲ..? ကျွန်တော့် အတွက် စိတ်ညစ်ရင်ပဲဖြစ်ဖြစ် အနားယူတာပဲဖြစ်ဖြစ် စာတွက် နေရင်ပဲဖြစ်ဖြစ် ကွန်ပျုတာ ကိုင်နေရင်ပဲဖြစ်ဖြစ် သီချင်း နားထောင်လေ့ ရှိပါတယ်။.. နောက်ပြီး အခန်းဖော် သူငယ်ချင်းတွေ ကလည်း သီချင်း ၀ါသနာပါတဲ့သူတွေ ဖြစ်လေတော့ သီချင်း တော်တော် များများကို နားထောင် ဖြစ်ပါတယ်။ အတော်များများ ဆိုတာ အမျိုးအစားကို ပြောတာပါ။ မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား အမျိုးကို စုံနေတာ ပါပဲ။ ရှေးသီချင်း၊ ဂန္တ၀င်သီချင်း တွေက အစ အလွမ်းအဆွေး၊ အချစ်သီချင်း တွေလို ဖီးလင် သီချင်းတွေ အပြင်ကို ဟစ်ဟော့ သီချင်းတွေ၊ ရောဒ့်သီချင်းတွေ၊ အပြင်းစား သံစဉ် တွေလည်းပါပါတယ်။.. အဆိုတော် တွေလည်း အစုံပေါ့.. အဆိုတော်၊ အဆိုတော်မမ တွေ များမှများပါပဲ။..

တစ်ချို့လည်း ချစ်စရာ ကောင်းပါတယ်.. ဥပမာ JoJo လို အဆိုတော်မျိုး၊ J Lo လိုအဆိုတော် မျိုးဆိုရင် အားပေးပါတယ်။.. မျက်နှာလိုက် အားပေးတာ မျိုးတော့ မဟုတ်ပါဘူး.. :) Beyonce လို အဆိုတော်မျိုး ကိုလည်း ကြိုက်ပါတယ်။... Pussycat Dolls အဖွဲ့ ကိုလည်း ကြိုက်တယ်။..ထားပါတော့လေ. ကြိုက်တာတွေ ပြောရရင် အဆိုတော် တွေ တော်တော် များများ နာမည်တွေ ထည့်ရေးရတော့ မှာပါ။ အခု ဒီပို့စ်မှာ ဘာကို share ပေးချင်တာလဲ ဆိုတော့ ကျွန်တော့် သူငယ်ချင်း နှစ်ယောက် ရှာဖွေ စုဆောင်းထားတဲ့ သီချင်း တွေကိုပါ... မြန်မာနိုင်ငံ မှာ ကော်ပီဆိုတာက အားလုံး လုပ်နေကြသလိုပဲ ဆိုတော့ အဲဒီကော်ပီတွေရဲ့  မူရင်း သီချင်းတွေကို နားထောင် ကြည့်ချင်ကြမှာပါ... အားလုံးကို မဟုတ်ရင်တောင် ကိုယ့် အကြိုက် အဆိုတော်ရဲ့ သီချင်းတွေကိုတော့ နားဆင် ချင်ကြမယ်လို့ ထင်ပါတယ်... ကျွန်တော့် သူငယ်ချင်းတွေက တပင်တပန်း ရှာဖွေထားတဲ့ သီချင်းတွေရဲ့ မြန်မာ အဆိုတော်ကတော့ ရော့ဒ် သီချင်းတွေကို အသံကောင်းကောင်း နဲ့ ဆိုနိုင်တဲ့၊ လူငယ် တော်တော်များများရဲ့ crazy ဖြစ်တဲ့ “လေးဖြူ” ဖြစ်ပါတယ်။

လေးဖြူ crazy များအနေနဲ့ သူ့ရဲ့ မူရင်း သီချင်းများကို လိုချင် လိမ့်မယ် လို့မျှော်လင့် တာကြောင့် ပြန်ပြီး မျှဝေလိုက်ပါတယ်....။ Jet audio, window media player စတဲ့ player တွေနဲ့ ဖွင့်မယ်ဆိုရင် သီချင်း စာသား များကိုပါ ကြည့်လို့ရအောင် စီစဉ် ထားပါတယ်လို့ ဆိုပါတယ်...။ တေးစီးရီး တစ်ခု ချင်းစီကို ပြုစုထားတာ ဖြစ်ပါတယ်.. အောက်မှာ ပါတဲ့ လင့်တွေမှာ တေးစီးရီး အလိုက် ခေါင်းစဉ်တွေနဲ့ လင့် ချိတ်ထားပါတယ်...။ rapid share မှာ တင်ထားတာ ဖြစ်ပါတယ်...။ ကျွန်တော့် သူငယ်ချင်းများက သီချင်း ချစ်သူ များကို welcome ပါတဲ့...။ သူတို့နဲ့ ဆက်သွယ် ချင်တယ် ဆိုရင်တော့ ကျွန်တော် တင်ထားတဲ့ credit မှာ ပါပါတယ်...။ သီချင်း ချစ်သူများ ဂျီရိပ်ခိုရင်း သီချင်းအကြောင်း ဆွေးနွေး နိုင်ပါတယ် ဆိုတဲ့ အကြောင်း ...... အငဲ .. မျိုးကြီး သီချင်းများ ကိုလည်း စုဆောင်းနေပါတယ် ဆိုတဲ့ အကြောင်း.... ပြောရင်း....

လေးဖြူ သီဆိုခဲ့သော မူရင်းသီချင်းများ

ကန္တာရ လမင်း
ပင်လယ်အော်သံ
ဂီတ မဉ္ဖူရီ
ပါဝါ
ကျိန်စာ
ရာစုသစ်
အိပ်မက်ကဗျာ
အယ်(လ်)အမ်အန်(န်)
အရည်ပျော်ခြင်းနှင့် အခမဲ့

Credit to: ကိုအောင်မြတ်စိုး aungmyatsoe905@gmail.com
ကိုထင်လင်းအောင် htinlinaung82@gmail.com

post signature

Read More...


 

Older Posts

Search

Table of Contents

About Me

တစ်လှမ်းပြီးတော့ တစ်လှမ်းလျှောက်၊ အဝေးဆုံး ခရီးကိုရောက်။ အပ်တစ်ချက်ပြီးတစ်ချက်သီ၊ ဧရာအစုတ်ကြီး ဖာထေးပြီးပြီ။ အုတ်တစ်ချက်ပေါ် တစ်ချက်ဆင့်၊ မိုးထိတံတိုင်းမြင့်။ နှင်းတစ်ပွင့်ပေါ် တစ်ပွင့်ကျ၊ နှင်းထုဧရာကြီးလေစွ။
eXTReMe Tracker