Showing posts with label Tunnel. Show all posts
Showing posts with label Tunnel. Show all posts
13
comments
Labels:
Tunnel
မြေအောက်ကမ္ဘာများ အပိုင်း(၃)မှာတော့ ကျန်ရှိတဲ့နိုင်ငံတွေရဲ့ မြေအောက်ကမ္ဘာများအကြောင်းကို တင်ပြလိုက်ပါတယ်။ တိုးတက်ပြီးနိုင်ငံတွေမှာတော့ မြေအောက်ကမ္ဘာ အသစ်များကို တည်ဆောက်ပြီး မြို့လည်ဧရိယာကိုတိုးချဲ့ကြသလို၊ အများပြည်သူများ နေ့စဉ်လှုပ်ရှားသွားလာရေး အဆင်ပြေ ချောမွေ့စေရေး အတွက်ပါ စဉ်းစားတည်ဆောက်လာတာကိုတွေ့ရပါတယ်။ တိုးတက်ဆဲ နိုင်ငံများအနေနှင့် ရှိပြီးသား မြေအောက်ကမ္ဘာများကို ကမ္ဘာလှည့်များကို ဆွဲဆောင်ရာ နေရာများအဖြစ်ပဲ ထိန်းသိမ်း ထားတာကို တွေ့ရပါတယ်။
ထိုင်ဝမ်
တိုင်ပေမြို့ မြေအောက်မက်ထရိုဘူတာ (၂)ခု ကို ဆက်သွယ်ထားတဲ့ မြေအောက်လမ်းများ ရှိပါတယ်။ အဓိက ရထားဘူတာရဲ့အနီးမှာ ကြီးမားတဲ့ မြေအောက်အရောင်းဆိုင်တန်း တစ်ခုရှိပါတယ်။
တူရကီ
Cappadocia မှာတော့ သမိုင်းဝင် မြေအောက်ကမ္ဘာများတည်ရှိပါတယ်။ မြေပြင်အနေအထားအရ၊ ခရစ်ယာန်ဘာသာဝင်များ ပုန်းအောင်းရာ နေရာများအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ယခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာများဖြစ်နေပါပြီ။
ဗြိတိန်
လန်ဒန်မြို့ရှိ Canary Wharf tube မြေအောက်ဘူတာရုံ နှင့် အနီးရှိ ရုံးအဆောက်အအုံနှင့် အရောင်း ဆိုင်တန်းများကို မြေအောက်မှ ချိတ်ဆက်ထားပါတယ်။ Docklands light Railway မှာရှိတဲ့ မြေအောက်ဘူတာ နှစ်ခုကို လည်း ချိတ်ဆက်ထားပြီး မြေပေါ်သို့ ထွက်ရန်မလိုပဲ သွားလာလို့ရအောင် တည်ဆောက်ထားပါတယ်။
Dover မှာတော့ ဥမင်အများအပြားချိတ်ဆက်ထားတဲ့ မြေအောက်ကမ္ဘာကို တွေ့ရမှာဖြစ်ပါတယ်။ Dover ရဲတိုက်မှာ မြေအောက် အထပ်(၆)ထပ်ပါဝင်ပြီး ဆေးရုံ၊ စစ်သားတန်းလျားများ၊ ရုံးများ၊ သိုလှောင်ခန်းများပါဝင်ပါတယ်။ တောင်ဘက်ပိုင်းမှာ ရှိတဲ့ ဥမင်တွေကတော့ နပိုလီယန်ခံစစ် နှင့် ဒုတိယကမ္ဘာစစ်ပွဲခံစစ် များအတွက် အသုံးပြုခဲ့ကြပါတယ်။ ကာလကြာမြင့်ပြီ ဖြစ်တာကြောင့် အများအပြား ပြိုကျပျက်ဆီးနေပေမယ့် အများစုကို ယခုချိန်ထိ အသုံးပြုနိုင်ပြီး ဈေးဆိုင်များနှင့် သိုလှောင်ခန်းများအဖြစ် အသုံးပြုတာကို တွေ့ရပါတယ်။

Edinburgh မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်ရာ တစ်ခုအနေနဲ့ အခန်း အများအပြား ပါဝင်တဲ့ ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ကမ္ဘာကို တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု
အတ္တလန်တာမြို့ မှာ Underground Atlanta လို့ခေါ်တဲ့ မြေအောက်ကမ္ဘာတစ်ခုကို တွေ့ရပါတယ်။ (၁၉၂၀) ၀န်းကျင်ကာလက လမ်းများဖောက်လုပ်ရာမှာ viaducts များကို အသုံးပြုရာမှ မြေအောက်ကမ္ဘာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ မြေအောက်ကမ္ဘာဟာ မြို့ကွက်(၆)ကွက်စာရှိပြီး အရောင်း ဈေးဆိုင် တန်းများ၊ အပန်းဖြေနေရာများ၊ စားသောက်ဆိုင်များ စသည်တို့ပါဝင်ပါတယ်။ (၁၉၆၈)ခုနှစ်မှာ ဘဏ္ဍာရေး အခက်အခဲများ ကြောင့် ပိတ်ထားခဲ့ရပြီး (၁၉၈၉) ခုနှစ်မှာ ပြန်လည်ဖွင့်လှစ် ခဲ့ပါတယ်။
ချီကာဂိုမြို့မှာတော့ (Chicago Pedway) ခေါ် ဥမင်များနှင့်တံတားများပါဝင်တဲ့ မြေအောက်ကမ္ဘာကို တွေ့ရပါတယ်။ မြေကွက် (၁၀)ခုစာ ရှိတဲ့ ၎င်းမြေအောက်ကမ္ဘာမှာ စတိုးဆိုင်များ၊ ဟိုတယ်များ၊ မီးရထားဘူတာများ အစရှိတဲ့ အဆောက်အအုံများပါဝင်ပြီး ချီကာဂို စီးပွားရေးဇုန်ကို ဖြတ်သန်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ချိတ်ဆက်ထားတဲ့ နေရာများကတော့ အများအပြားရှိပြီး အဆောက်အအုံများ၊ လမ်းများ၊ ဘူတာရုံများကို အဓိက ချိတ်ဆက်ထားတာကို တွေ့ရပါတယ်။ ဥပမာအနေနှင့် Metra Station၊ Marshall Fields flagship store၊ City Hall၊ Columbus Plaza နှင့် State of Illionois Center တို့ဖြစ်ကြပါတယ်။
ဗာဂျီနီးယားမှာရှိတဲ့ Crystal City ရဲ့အောက်မှာ ရှိတဲ့ မြေအောက်ကမ္ဘာကတော့ high_rise building များရဲ့အောက်မှာ ဖောက်လုပ်ထားတာ ဖြစ်ပြီး ဆောင်းရာသီလို အေးချမ်းတဲ့ ရာသီတွေမှာ မြေအောက်မှာတင် ဈေးဝယ်နိုင်အောင်၊ စားသောက်နိုင်အောင် ဈေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ ပါဝင်ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။
Dallas မြို့လည်မှာတော့ အဆောက်အအုံများကို ချိတ်ဆက်ထားတဲ့ ဥမင်ကွန်ယက်ကို တွေ့ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့နာမည်ကျော် Walt Disney World မှာလည်း စတုရန်းမိုင်တော်တော် များများရှိတဲ့ မြေအောက်ကမ္ဘာကို တွေ့ရမှာဖြစ်ပါတယ်။
Duluth မြို့မှာလည်း မြေပေါ်လမ်းများနှင့် အဆောက်အအုံများကို ချိတ်ဆက်ထားတဲ့ မြေအောက်ကွန်ယက်ကို တွေ့ရှိမှာ ဖြစ်ပါတယ်။
Havre မြေအောက်ကမ္ဘာကတော့ ယခင် တားမြစ်ကာလများက ဇိမ်ခန်းများ၊ ဘိန်းခန်းများ၊ အရက်သိုလှောင်ခန်း များအတွက် အခန်းများပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် အ၀တ်လျော်ခန်း၊ အလှပြင်ခန်းနှင့် ဆေးဆိုင်ခန်းလည်း ပါဝင်ပါတယ်။ ယခုအခါမှာတော့ ဒေသရဲ့သမိုင်း တစ်ခုအနေနှင့် ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။
Houston မှာရှိတဲ့ မြေအောက်ကမ္ဘာကတော့ မြို့လည်မှာဖြစ်ပါတယ်။ ဥမင်အလျား (၇) မိုင်ရှိတဲ့ အဆိုပါ မြေအောက်ကမ္ဘာကို မြေပေါ်လမ်းများ၊ ရုံးများ၊ ဟိုတယ်များ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ ကို ချိတ်ဆက်ထားပါတယ်။ Wells Fargo Plaza တစ်ခုတည်းသာ ဥမင်အတွင်းသို့ လမ်းပေါ်မှ တိုက်ရိုက်ဝင်နိုင်ပြီး ကျန်တဲ့နေရာတွေကတော့ လှေကားများ၊ ဓာတ်လှေကားများနှင့် စက်လှေကားများကို အသုံးပြုဝင်ရမှာ ဖြစ်ပါတယ်။
နယူးယောက်မြို့မှာ ရှိတဲ့ မြေအောက်ဘူတာ အချို့ကို အဆောက်အအုံများနှင့် တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ ဒါ့အပြင် Rockefeller Center ရဲ့အောက်ထပ်တွေကို မြေအောက်ဘူတာရုံများ၊ မြေအောက်မှာရှိတဲ့ အဆောက်အအုံများ၊ စားသောက်ဆိုင်များ အစရှိတဲ့နေရာတွေကို ချိတ်ဆက်ပြီး မြေအောက်ကမ္ဘာအဖြစ် ဖန်တီး ထားတာကို တွေ့ရပါတယ်။
Oklahoma မြို့ရှိ Conncourse မြေအောက် ဥမင်စနစ်မှာ မြို့လယ်မှာရှိတဲ့ အဆောက်အအုံများကို ချိတ်ဆက်ထား တာဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိ မြေအောက်လျှောက်လမ်း တွေထဲမှာ အကျယ်ဆုံးကွန်ယက် အဖြစ်တည်ရှိပြီး မြို့လယ်ရှိ အဆောက်အအုံ (၃၀) ကျော်ကို ချိတ်ဆက်ထားပါတယ်။ မူလဥမင်များကို (၁၉၃၁) ခုနှစ်က စတင်ဖောက်လုပ်ခဲ့ပြီး (၁၉၇၀) ပြည့်လွန်နှစ်များမှာ ဥမင်များကို တိုးချဲ့ ဖောက်လုပ်ခဲ့တာကို တွေ့ရပါတယ်။ (၂၀၀၆) ခုနှစ်မှာ ပြန်လည် ပြင်ဆင်ရေးများကို ဆောင်ရွက်ခဲ့ကြပါတယ်။
Philadelphia မြို့မှာလည်း မြေအောက်ကမ္ဘာအနေနှင့် Suburban မြေအောက်ဘူတာရုံ နှင့် Market East ဘူတာရုံကို ချိတ်ဆက်ထားပြီး ၄င်းဘူတာနှစ်ခုလုံးမှာ SEPTA ဆက်သွယ်ရေးလိုင်းနှင့် ဆက်သွယ်ထားပါတယ်။
Virginia မှာရှိတဲ့ Richmond မြို့အစိုးရ အဆောက်အအုံများကို ဥမင်များချိတ်ဆက်ထားပါတယ်။ ဥမင်အစိတ်အပိုင်း တော်တော်များများကို ပိတ်ထားပေမယ့် ကျန်ကောင်းမွန်တဲ့ အပိုင်းများကိုတော့ အသုံးပြုနေဆဲဖြစ်ပါတယ်။ ထိုဥမင်များကို ဖောက်လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ဖြစ်နိုင်တာတွေကတော့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေမှာ လူများမြေအောက်မှ အလွယ်တကူ သွားလာနိုင်အောင် အပြင် အရေးပေါ်ထွက်ပေါက်အနေနှင့်ပါ စီမံဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။
Rochester မှာရှိတဲ့ Mayo Clinic အဆောက်အအုံများကိုလည်း မြေအောက်မှ ဥမင်များ ချိတ်ဆက် ထားပါတယ်။ အခြား စီးပွားရေး ဆိုင်ရာ များကိုလည်း မြေအောက် စင်္ကြံ့ အတွင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။ မြေအောက် ရထားလမ်းများ မရှိသည့် တိုင်အောင် subway လို့တစ်ခါတစ်ရံ ခေါ်ဝေါ်ကြပါတယ်။ မြို့တောင်ပိုင်းမှာရှိတဲ့ New York – Nazareth ကောလိပ် အတွင်းမှာလည်း ကျယ်ပြန့်တဲ့ မြေအောက်ဥမင် ကွန်ယက်ရှိပြီး ကျောင်းသား အိပ်ဆောင်များနှင့် ကျောင်းနယ်မြေ အတွင်းရှိ အဓိက အဆောက်အအုံများကို ချိတ်ဆက်ထားပါတယ်။
Washington ပြည်နယ်၊ Seattle မြို့မှာ မြေအောက်ကမ္ဘာ အသစ်အပြင် သမိုင်းဝင် မြေအောက်ဥမင်ကွန်ယက်များကို တွေ့ရမှာဖြစ်ပါတယ်။ Westlake မှာရှိတဲ့ ဈေးရောင်းဆိုင်တန်းများကို မြေအောက်ဥမင်များနှင့် ချိတ်ဆက်ထားပြီး ကားလမ်းဥမင်နှင့်ပါ ချိတ်ဆက်ထားပါတယ်။ အခြား မြေအောက်ကမ္ဘာ အနေနှင့် Two Union Square မှ Rainier Square ကိုချိတ်ဆက်ထားပြီး ဟိုတယ်များ၊ The 5th Avenue ပြဇာတ်ရုံ နှင့် အခြားအရောင်းဆိုင်များပါဝင်ပါတယ်။ Pioneer Square မှာရှိတဲ့ Seattle Underground Tour ကို ဧည့်သည်များကို ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် တည်ရှိနေတာ ကိုတွေ့ရပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများမှာ မြေအောက်ကမ္ဘာတွေကို ပုံစံအမျိုးမျိုး၊ အသုံးပြုပုံအမျိုးမျိုးနှင့် တွေ့ရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနှင့် မြေအောက်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တန်းတွေနှင့် အများပြည်သူသုံးနေရာများ တည်ဆောက်ရေးထက် မြို့ပြလူနေမှုအရ လိုအပ်ချက် ဖြစ်လာမယ့် သယ်ယူပို့ဆောင်ရေးပြဿနာများကို ဖြေရှင်းနိုင်ဖို့ရာ မြေအောက် သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခုကို ဦးစွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းအားထုတ် သွားရမှာ ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။

ထိုင်ဝမ်
တိုင်ပေမြို့ မြေအောက်မက်ထရိုဘူတာ (၂)ခု ကို ဆက်သွယ်ထားတဲ့ မြေအောက်လမ်းများ ရှိပါတယ်။ အဓိက ရထားဘူတာရဲ့အနီးမှာ ကြီးမားတဲ့ မြေအောက်အရောင်းဆိုင်တန်း တစ်ခုရှိပါတယ်။
တူရကီ
Cappadocia မှာတော့ သမိုင်းဝင် မြေအောက်ကမ္ဘာများတည်ရှိပါတယ်။ မြေပြင်အနေအထားအရ၊ ခရစ်ယာန်ဘာသာဝင်များ ပုန်းအောင်းရာ နေရာများအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ယခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာများဖြစ်နေပါပြီ။
ဗြိတိန်
လန်ဒန်မြို့ရှိ Canary Wharf tube မြေအောက်ဘူတာရုံ နှင့် အနီးရှိ ရုံးအဆောက်အအုံနှင့် အရောင်း ဆိုင်တန်းများကို မြေအောက်မှ ချိတ်ဆက်ထားပါတယ်။ Docklands light Railway မှာရှိတဲ့ မြေအောက်ဘူတာ နှစ်ခုကို လည်း ချိတ်ဆက်ထားပြီး မြေပေါ်သို့ ထွက်ရန်မလိုပဲ သွားလာလို့ရအောင် တည်ဆောက်ထားပါတယ်။
Dover မှာတော့ ဥမင်အများအပြားချိတ်ဆက်ထားတဲ့ မြေအောက်ကမ္ဘာကို တွေ့ရမှာဖြစ်ပါတယ်။ Dover ရဲတိုက်မှာ မြေအောက် အထပ်(၆)ထပ်ပါဝင်ပြီး ဆေးရုံ၊ စစ်သားတန်းလျားများ၊ ရုံးများ၊ သိုလှောင်ခန်းများပါဝင်ပါတယ်။ တောင်ဘက်ပိုင်းမှာ ရှိတဲ့ ဥမင်တွေကတော့ နပိုလီယန်ခံစစ် နှင့် ဒုတိယကမ္ဘာစစ်ပွဲခံစစ် များအတွက် အသုံးပြုခဲ့ကြပါတယ်။ ကာလကြာမြင့်ပြီ ဖြစ်တာကြောင့် အများအပြား ပြိုကျပျက်ဆီးနေပေမယ့် အများစုကို ယခုချိန်ထိ အသုံးပြုနိုင်ပြီး ဈေးဆိုင်များနှင့် သိုလှောင်ခန်းများအဖြစ် အသုံးပြုတာကို တွေ့ရပါတယ်။

Edinburgh မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်ရာ တစ်ခုအနေနဲ့ အခန်း အများအပြား ပါဝင်တဲ့ ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ကမ္ဘာကို တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စု
အတ္တလန်တာမြို့ မှာ Underground Atlanta လို့ခေါ်တဲ့ မြေအောက်ကမ္ဘာတစ်ခုကို တွေ့ရပါတယ်။ (၁၉၂၀) ၀န်းကျင်ကာလက လမ်းများဖောက်လုပ်ရာမှာ viaducts များကို အသုံးပြုရာမှ မြေအောက်ကမ္ဘာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ အဆိုပါ မြေအောက်ကမ္ဘာဟာ မြို့ကွက်(၆)ကွက်စာရှိပြီး အရောင်း ဈေးဆိုင် တန်းများ၊ အပန်းဖြေနေရာများ၊ စားသောက်ဆိုင်များ စသည်တို့ပါဝင်ပါတယ်။ (၁၉၆၈)ခုနှစ်မှာ ဘဏ္ဍာရေး အခက်အခဲများ ကြောင့် ပိတ်ထားခဲ့ရပြီး (၁၉၈၉) ခုနှစ်မှာ ပြန်လည်ဖွင့်လှစ် ခဲ့ပါတယ်။ချီကာဂိုမြို့မှာတော့ (Chicago Pedway) ခေါ် ဥမင်များနှင့်တံတားများပါဝင်တဲ့ မြေအောက်ကမ္ဘာကို တွေ့ရပါတယ်။ မြေကွက် (၁၀)ခုစာ ရှိတဲ့ ၎င်းမြေအောက်ကမ္ဘာမှာ စတိုးဆိုင်များ၊ ဟိုတယ်များ၊ မီးရထားဘူတာများ အစရှိတဲ့ အဆောက်အအုံများပါဝင်ပြီး ချီကာဂို စီးပွားရေးဇုန်ကို ဖြတ်သန်း တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ချိတ်ဆက်ထားတဲ့ နေရာများကတော့ အများအပြားရှိပြီး အဆောက်အအုံများ၊ လမ်းများ၊ ဘူတာရုံများကို အဓိက ချိတ်ဆက်ထားတာကို တွေ့ရပါတယ်။ ဥပမာအနေနှင့် Metra Station၊ Marshall Fields flagship store၊ City Hall၊ Columbus Plaza နှင့် State of Illionois Center တို့ဖြစ်ကြပါတယ်။
ဗာဂျီနီးယားမှာရှိတဲ့ Crystal City ရဲ့အောက်မှာ ရှိတဲ့ မြေအောက်ကမ္ဘာကတော့ high_rise building များရဲ့အောက်မှာ ဖောက်လုပ်ထားတာ ဖြစ်ပြီး ဆောင်းရာသီလို အေးချမ်းတဲ့ ရာသီတွေမှာ မြေအောက်မှာတင် ဈေးဝယ်နိုင်အောင်၊ စားသောက်နိုင်အောင် ဈေးဆိုင်တန်းများ၊ စားသောက်ဆိုင်များ ပါဝင်ဖွဲ့စည်းထားတာကို တွေ့ရပါတယ်။
Dallas မြို့လည်မှာတော့ အဆောက်အအုံများကို ချိတ်ဆက်ထားတဲ့ ဥမင်ကွန်ယက်ကို တွေ့ရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့နာမည်ကျော် Walt Disney World မှာလည်း စတုရန်းမိုင်တော်တော် များများရှိတဲ့ မြေအောက်ကမ္ဘာကို တွေ့ရမှာဖြစ်ပါတယ်။
Duluth မြို့မှာလည်း မြေပေါ်လမ်းများနှင့် အဆောက်အအုံများကို ချိတ်ဆက်ထားတဲ့ မြေအောက်ကွန်ယက်ကို တွေ့ရှိမှာ ဖြစ်ပါတယ်။
Havre မြေအောက်ကမ္ဘာကတော့ ယခင် တားမြစ်ကာလများက ဇိမ်ခန်းများ၊ ဘိန်းခန်းများ၊ အရက်သိုလှောင်ခန်း များအတွက် အခန်းများပါဝင်ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် အ၀တ်လျော်ခန်း၊ အလှပြင်ခန်းနှင့် ဆေးဆိုင်ခန်းလည်း ပါဝင်ပါတယ်။ ယခုအခါမှာတော့ ဒေသရဲ့သမိုင်း တစ်ခုအနေနှင့် ထိန်းသိမ်းထားတာကို တွေ့ရပါတယ်။
Houston မှာရှိတဲ့ မြေအောက်ကမ္ဘာကတော့ မြို့လည်မှာဖြစ်ပါတယ်။ ဥမင်အလျား (၇) မိုင်ရှိတဲ့ အဆိုပါ မြေအောက်ကမ္ဘာကို မြေပေါ်လမ်းများ၊ ရုံးများ၊ ဟိုတယ်များ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ စတိုးဆိုင်များ ကို ချိတ်ဆက်ထားပါတယ်။ Wells Fargo Plaza တစ်ခုတည်းသာ ဥမင်အတွင်းသို့ လမ်းပေါ်မှ တိုက်ရိုက်ဝင်နိုင်ပြီး ကျန်တဲ့နေရာတွေကတော့ လှေကားများ၊ ဓာတ်လှေကားများနှင့် စက်လှေကားများကို အသုံးပြုဝင်ရမှာ ဖြစ်ပါတယ်။
နယူးယောက်မြို့မှာ ရှိတဲ့ မြေအောက်ဘူတာ အချို့ကို အဆောက်အအုံများနှင့် တိုက်ရိုက်ချိတ်ဆက်ထားပါတယ်။ ဒါ့အပြင် Rockefeller Center ရဲ့အောက်ထပ်တွေကို မြေအောက်ဘူတာရုံများ၊ မြေအောက်မှာရှိတဲ့ အဆောက်အအုံများ၊ စားသောက်ဆိုင်များ အစရှိတဲ့နေရာတွေကို ချိတ်ဆက်ပြီး မြေအောက်ကမ္ဘာအဖြစ် ဖန်တီး ထားတာကို တွေ့ရပါတယ်။Oklahoma မြို့ရှိ Conncourse မြေအောက် ဥမင်စနစ်မှာ မြို့လယ်မှာရှိတဲ့ အဆောက်အအုံများကို ချိတ်ဆက်ထား တာဖြစ်ပါတယ်။ နိုင်ငံအတွင်းရှိ မြေအောက်လျှောက်လမ်း တွေထဲမှာ အကျယ်ဆုံးကွန်ယက် အဖြစ်တည်ရှိပြီး မြို့လယ်ရှိ အဆောက်အအုံ (၃၀) ကျော်ကို ချိတ်ဆက်ထားပါတယ်။ မူလဥမင်များကို (၁၉၃၁) ခုနှစ်က စတင်ဖောက်လုပ်ခဲ့ပြီး (၁၉၇၀) ပြည့်လွန်နှစ်များမှာ ဥမင်များကို တိုးချဲ့ ဖောက်လုပ်ခဲ့တာကို တွေ့ရပါတယ်။ (၂၀၀၆) ခုနှစ်မှာ ပြန်လည် ပြင်ဆင်ရေးများကို ဆောင်ရွက်ခဲ့ကြပါတယ်။
Philadelphia မြို့မှာလည်း မြေအောက်ကမ္ဘာအနေနှင့် Suburban မြေအောက်ဘူတာရုံ နှင့် Market East ဘူတာရုံကို ချိတ်ဆက်ထားပြီး ၄င်းဘူတာနှစ်ခုလုံးမှာ SEPTA ဆက်သွယ်ရေးလိုင်းနှင့် ဆက်သွယ်ထားပါတယ်။
Virginia မှာရှိတဲ့ Richmond မြို့အစိုးရ အဆောက်အအုံများကို ဥမင်များချိတ်ဆက်ထားပါတယ်။ ဥမင်အစိတ်အပိုင်း တော်တော်များများကို ပိတ်ထားပေမယ့် ကျန်ကောင်းမွန်တဲ့ အပိုင်းများကိုတော့ အသုံးပြုနေဆဲဖြစ်ပါတယ်။ ထိုဥမင်များကို ဖောက်လုပ်ရတဲ့ အဓိကရည်ရွယ်ချက်ဖြစ်နိုင်တာတွေကတော့ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေမှာ လူများမြေအောက်မှ အလွယ်တကူ သွားလာနိုင်အောင် အပြင် အရေးပေါ်ထွက်ပေါက်အနေနှင့်ပါ စီမံဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။
Rochester မှာရှိတဲ့ Mayo Clinic အဆောက်အအုံများကိုလည်း မြေအောက်မှ ဥမင်များ ချိတ်ဆက် ထားပါတယ်။ အခြား စီးပွားရေး ဆိုင်ရာ များကိုလည်း မြေအောက် စင်္ကြံ့ အတွင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။ မြေအောက် ရထားလမ်းများ မရှိသည့် တိုင်အောင် subway လို့တစ်ခါတစ်ရံ ခေါ်ဝေါ်ကြပါတယ်။ မြို့တောင်ပိုင်းမှာရှိတဲ့ New York – Nazareth ကောလိပ် အတွင်းမှာလည်း ကျယ်ပြန့်တဲ့ မြေအောက်ဥမင် ကွန်ယက်ရှိပြီး ကျောင်းသား အိပ်ဆောင်များနှင့် ကျောင်းနယ်မြေ အတွင်းရှိ အဓိက အဆောက်အအုံများကို ချိတ်ဆက်ထားပါတယ်။Washington ပြည်နယ်၊ Seattle မြို့မှာ မြေအောက်ကမ္ဘာ အသစ်အပြင် သမိုင်းဝင် မြေအောက်ဥမင်ကွန်ယက်များကို တွေ့ရမှာဖြစ်ပါတယ်။ Westlake မှာရှိတဲ့ ဈေးရောင်းဆိုင်တန်းများကို မြေအောက်ဥမင်များနှင့် ချိတ်ဆက်ထားပြီး ကားလမ်းဥမင်နှင့်ပါ ချိတ်ဆက်ထားပါတယ်။ အခြား မြေအောက်ကမ္ဘာ အနေနှင့် Two Union Square မှ Rainier Square ကိုချိတ်ဆက်ထားပြီး ဟိုတယ်များ၊ The 5th Avenue ပြဇာတ်ရုံ နှင့် အခြားအရောင်းဆိုင်များပါဝင်ပါတယ်။ Pioneer Square မှာရှိတဲ့ Seattle Underground Tour ကို ဧည့်သည်များကို ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် တည်ရှိနေတာ ကိုတွေ့ရပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများမှာ မြေအောက်ကမ္ဘာတွေကို ပုံစံအမျိုးမျိုး၊ အသုံးပြုပုံအမျိုးမျိုးနှင့် တွေ့ရှိရပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနှင့် မြေအောက်မှာ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တန်းတွေနှင့် အများပြည်သူသုံးနေရာများ တည်ဆောက်ရေးထက် မြို့ပြလူနေမှုအရ လိုအပ်ချက် ဖြစ်လာမယ့် သယ်ယူပို့ဆောင်ရေးပြဿနာများကို ဖြေရှင်းနိုင်ဖို့ရာ မြေအောက် သယ်ယူ ပို့ဆောင်ရေး စနစ်တစ်ခုကို ဦးစွာ အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းအားထုတ် သွားရမှာ ဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။
ယခုပို့စ်ကို Monday, July 23, 2007 တွင် ရေးသားထားတာဖြစ်ပြီး
Tunnel
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
1 comments
Labels:
Tunnel
မြေအောက်ကမ္ဘာအများစုကို မြေအောက် သယ်ယူပို့ဆောင်ရေးစနစ်များနှင့် ချိတ်ဆက် အသုံးပြုထားတာကို တွေ့ရပြီး အရောင်းဆိုင်များ နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများအတွက်ကို ရည်ရွယ်တာကို တွေ့ရပါတယ်။ ရှုပ်ထွေးတဲ့ မြို့ပြရေစီးကြောင်းတွေထဲက တစ်ချို့ကိုမြေအောက်ကို ပို့ပြီး မျက်စိအမြင်လှစေဖို့ရာ အတွက် တည်ဆောက်သလို အမှတ်တရအနေနှင့်ရော နိုင်ငံခြားသား ခရီးသည်များကို စွဲဆောင်နိုင်စေရန် အတွက်ပါ ရည်ရွယ်တည်ဆောက်ကြတာကို တွေ့ရှိရပါတယ်။
ဘယ်နိုင်ငံတွေမှာ ဘယ်လိုရှိတယ်ဆိုတာကို ဆက်လက် ဖတ်ရှုစေလိုပါတယ်။
ပြင်သစ်
ပဲရစ်(Paris) မြို့ရှိ Forum des Halles အဆောက်အအုံမှာ အရောင်းစင်တာနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ နေရာများပါဝင်ပြီး ပဲရစ်စ်အမြန် မက်ထရို RER ပြေးဆွဲနေတဲ့ မြေအောက် ဘူတာရုံ Chatelet-Les-Halles နဲ့ချိတ်ဆက်ထားပါတယ်။
ဟောင်ကောင်
ဟောင်ကောင်ရှိ အချို့သော MTR မက်ထရို နှင့် KCR မက်ထရို ဘူတာများကို ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် အဓိက အရောင်းဈေးဆိုင်တန်းများကို ဆက်သွယ်ထားကာ မြေအောက် ကွန်ယက်များ အဖြစ် တိုးချဲ့ထားပါတယ်။ မှတ်သားဖွယ်ရာ ဥပမာအနေနှင့် Central-Hong Kong ဘူတာများ၊ MTR Tsim Sha Tsui - KCR East Rail East Tsim Sha Tsui ဘူတာနှင့် MTR Kowloon Tong - KCR Kowloon Tong ဘူတာများဖြစ်ပါတယ်။
အိန္ဒိယ
နယူးဒေလီ(New Delhi) မြို့မှာတော့ ပါလီကာဈေး (Palika Bazaar) လို့ခေါ်တဲ့ မြေအောက် အရောင်း စင်တာ တစ်ခု ရှိပြီး နယူးဒေလီရဲ့ အဓိက စီးပွားရေးစင်တာ ကွန်နောက် (Connaught Place) ရဲ့ အလယ်မှာ ရှိပါတယ်။ ဆိုင်ခန်းပေါင်း (၃၉၀)ကျော် ပါဝင်ပြီး ၀င်ပေါက်ကြီး (၇) ခုပါဝင်ပါတယ်။ လူပေါင်း (၁၅၀၀၀) ခန့်အစဉ်သွားလာ လှုပ်ရှားလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်ရာနေရာ တစ်ခုလည်း ဖြစ်ပါတယ်။
အီရန်

ကိရှ် (Kish) မြို့မှာ ဖုန်းကွယ်နေတဲ့ ပုလဲ (Hidden Pearl) ခေါ် မြေအောက်ကမ္ဘာကို မြေအောက်အနက် မီတာ (၂၀) မှာ ချိတ်ဆက်ထားတဲ့ လမ်းများနှင့် ဖောက်လုပ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ ကရှိခဲ့တဲ့ Payab မြေအောက် ရေမြောင်းများကို ၎င်းမြေအောက် ကမ္ဘာမှာ အနုပညာလက်ရာ မြောက်စွာ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဈေးဆိုင်များနှင့် စားသောက်ဆိုင် များကိုပါ ဆောက်လုပ်ရန် လျာထားခဲ့ပါတယ်။ အီရန်လူမျိုးများရဲ့ ဆိုရိုးစကား “Hearing can never compare to seeing” အတိုင်း ယုံကြည်တယ် ဆိုရင်တော့ http://www.kishhiddenpearl.com မှာတင်ထားတဲ့ ဗီဒီယိုတွေကို ခံစား ကြည့်စေလိုပါတယ်။
ဂျပန်

ဂျပန်ရှိ မြေအောက်ကမ္ဘာများထဲက (chikagai) အကြီးဆုံး (၅) ခုကတော့ အရောင်း ဈေးဆိုင်တန်းများ ဖြစ်ပါတယ်။
တည်ရှိရာနေရာ၊ ခေါ်ဝေါ်ပုံနှင့် အကျယ်အ၀န်းကို အစဉ်လိုက် ဖော်ပြလိုက်ပါတယ်။
၁။ အိုဆာကာရှိ Crysta Nagahori ….အကျယ်အ၀န်း (၈၁၇၆၅) စတုရန်းမီတာ
၂။ တိုကျိုရှိ Yaesu Chikagai ….အကျယ်အ၀န်း (၇၃၂၅၃) စတုရန်းမီတာ
၃။ ကာဝါဆာကီရှိ Kawasaki Azalea ….အကျယ်အ၀န်း (၅၆၇၀၄) စတုရန်းမီတာ
၎။ နာဂိုယာရှိ Central Park Chikagai ….အကျယ်အ၀န်း (၅၆၃၇၀) စတုရန်းမီတာ
၅။ အိုဆာကာရှိ Diamor Osaka ….အကျယ်အ၀န်း (၄၂၉၇၇) စတုရန်းမီတာ

Diamor Osaka
အိုဆာကာမြို့ရှိ မြေအောက်ကမ္ဘာ ကွန်ယက်မှာ ကြီးမားကျယ်ပြန့်ပြီး အူးမီဒါ (Umeda)၊ နမ်ဘ (Namba) နှင့် ရှီဆိုင်ဘာရှီ (Shisaibashi) ခရိုင်တွေမှာ ဖောက်လုပ် ထားပါတယ်။ လက်လီ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ မြေအောက်ရထားလမ်းများနှင့် ဘူတာများပါဝင်ပါတယ်။
တိုကျိုမြို့မှာ မြေအောက်ရထားလိုင်းပေါင်း (၁၃) လိုင်းရှိပြီး ဘူတာများကြားမှာလည်း ဆက်သွယ်ရေး လမ်းများနှင့် ဆက်သွယ် ထားပါတယ်။ ရှင်ဂျုကူ (Shinjuku) နှင့် ရှီဘူရာ (shinbuya) ဘူတာများ မှာတော့ အရောင်းဈေးဆိုင်တန်းများ ရှိပါတယ်။ တိုကျိုမြေအောက် ဥမင်ကွန်ယက်တွေက မြို့တော်ရဲ့ megalopolis အသွင်အပြင်ကို ဆောင်ပါတယ်။
ရုရှား
မော်စကိုမြို့ရှိ အော့ခွတ်နီး ရာဒ် (Okhotnyi Ryad) မက်ထရိုဘူတာမှာ အထပ်(၄)ထပ် ပါဝင်တဲ့ မြေအောက် အရောင်း ဈေးဆိုင်တန်းတစ်ခု ရှိပါတယ်။
စင်ကာပူ
MRT (Mass Rapit Transit) ဘူတာတွေထဲကမှ မြေအောက်မှာရှိတဲ့ အဓိက ဘူတာတစ်ချို့မှာ ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ကမ္ဘာ ကွန်ယက်ကို တည်ဆောက်ထားတာ တွေ့ရပါတယ်။ မြေအောက်ဘူတာတွေထဲမှာ အကြီးဆုံး (၂၉၅၀၀ စတုရန်းမီတာ) နှင့် အနက်ဆုံး(၂၁ဒဿမ၃ မီတာ) ဖြစ်တဲ့ Raffles Place MRT ဘူတာမှာ ရှုပ်ထွေးတဲ့ Raffles Place ရှိအဆောက်အအုံ (၁၉) ခုနှင့် ဆက်သွယ်ထားတဲ့ မြေအောက်ကမ္ဘာတစ်ခုကို ဆောက်လုပ်ထားပါတယ်။ မြေအောက်ကွန်ယက်ကို တိုးချဲ့ရာမှာ ပထမအဆင့် အနေနှင့် ၎င်းမြေအောက်ဘူတာနှင့် One Raffles Quay ကို ချိတ်ဆက်ဖို့ ဖြစ်ပြီး Marina Bay အထိတိုးချဲ့ဖို့ အတွက်ဖြစ်ပါတယ်။ မြို့လယ်ဧရိယာ တစ်ခုလုံးမှာ မြေအောက် လူသွားလမ်းကွန်ယက် ဖောက်လုပ်ရန် အထိ ရည်ရွယ်ထားတာကို တွေ့ရပါတယ်။
အကျယ်အ၀န်း (၆၀၀၀၀) စတုရန်းပေရှိ CityLink အရောင်းဈေးဆိုင်တန်းကို မာရီနာစင်တာ (Marina Centre) ဧရိယာရှိ City Hall MRT မြေအောက်ဘူတာ ၊ Esplanade ပြဇာတ်ရုံတို့နှင့် ဆက်သွယ်ထားပါတယ်။ Esplanade MRT ဘူတာနှင့်လည်း (၂၀၁၀)ခုနှစ် အ၀ိုင်းပတ် MRT လိုင်းပြီးချိန်မှာ ဆက်လက် ချိတ်ဆက်သွားမှာဖြစ်ပါတယ်။
Orchard Road မှာရှိတဲ့ shopping belt ကိုတော့ မြေအောက် ချိတ်ဆက်လမ်းကြောင်းများနှင့် ဆက်သွယ်ထားပါတယ်။အထူးသဖြင့် Orchard ၊ Somerset ၊ Dhoby Ghaut MRT ဘူတာများ တ၀ိုက်မှာ ချိတ်ဆက် ထားတာဖြစ်ပါတယ်။ (၄) ကီလိုမီတာ ရှည်တဲ့ ၎င်းလမ်းတစ်လျှောက် နှစ်ဘက်လုံးမှာ ရှိတဲ့အဆောက်အအုံတွေ အားလုံးကို မြေအောက်ကွန်ယက်အဖြစ် ချိတ်ဆက်သွားဖို့ လျာထားတာကို တွေ့ရပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ဘယ်နိုင်ငံတွေမှာ ဘယ်လိုရှိတယ်ဆိုတာကို ဆက်လက် ဖတ်ရှုစေလိုပါတယ်။
ပြင်သစ်
ဟောင်ကောင်
ဟောင်ကောင်ရှိ အချို့သော MTR မက်ထရို နှင့် KCR မက်ထရို ဘူတာများကို ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် အဓိက အရောင်းဈေးဆိုင်တန်းများကို ဆက်သွယ်ထားကာ မြေအောက် ကွန်ယက်များ အဖြစ် တိုးချဲ့ထားပါတယ်။ မှတ်သားဖွယ်ရာ ဥပမာအနေနှင့် Central-Hong Kong ဘူတာများ၊ MTR Tsim Sha Tsui - KCR East Rail East Tsim Sha Tsui ဘူတာနှင့် MTR Kowloon Tong - KCR Kowloon Tong ဘူတာများဖြစ်ပါတယ်။
အိန္ဒိယ
နယူးဒေလီ(New Delhi) မြို့မှာတော့ ပါလီကာဈေး (Palika Bazaar) လို့ခေါ်တဲ့ မြေအောက် အရောင်း စင်တာ တစ်ခု ရှိပြီး နယူးဒေလီရဲ့ အဓိက စီးပွားရေးစင်တာ ကွန်နောက် (Connaught Place) ရဲ့ အလယ်မှာ ရှိပါတယ်။ ဆိုင်ခန်းပေါင်း (၃၉၀)ကျော် ပါဝင်ပြီး ၀င်ပေါက်ကြီး (၇) ခုပါဝင်ပါတယ်။ လူပေါင်း (၁၅၀၀၀) ခန့်အစဉ်သွားလာ လှုပ်ရှားလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်ရာနေရာ တစ်ခုလည်း ဖြစ်ပါတယ်။
အီရန်
ကိရှ် (Kish) မြို့မှာ ဖုန်းကွယ်နေတဲ့ ပုလဲ (Hidden Pearl) ခေါ် မြေအောက်ကမ္ဘာကို မြေအောက်အနက် မီတာ (၂၀) မှာ ချိတ်ဆက်ထားတဲ့ လမ်းများနှင့် ဖောက်လုပ်ထားပါတယ်။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ ကရှိခဲ့တဲ့ Payab မြေအောက် ရေမြောင်းများကို ၎င်းမြေအောက် ကမ္ဘာမှာ အနုပညာလက်ရာ မြောက်စွာ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဈေးဆိုင်များနှင့် စားသောက်ဆိုင် များကိုပါ ဆောက်လုပ်ရန် လျာထားခဲ့ပါတယ်။ အီရန်လူမျိုးများရဲ့ ဆိုရိုးစကား “Hearing can never compare to seeing” အတိုင်း ယုံကြည်တယ် ဆိုရင်တော့ http://www.kishhiddenpearl.com မှာတင်ထားတဲ့ ဗီဒီယိုတွေကို ခံစား ကြည့်စေလိုပါတယ်။
ဂျပန်
ဂျပန်ရှိ မြေအောက်ကမ္ဘာများထဲက (chikagai) အကြီးဆုံး (၅) ခုကတော့ အရောင်း ဈေးဆိုင်တန်းများ ဖြစ်ပါတယ်။
တည်ရှိရာနေရာ၊ ခေါ်ဝေါ်ပုံနှင့် အကျယ်အ၀န်းကို အစဉ်လိုက် ဖော်ပြလိုက်ပါတယ်။
၁။ အိုဆာကာရှိ Crysta Nagahori ….အကျယ်အ၀န်း (၈၁၇၆၅) စတုရန်းမီတာ
၂။ တိုကျိုရှိ Yaesu Chikagai ….အကျယ်အ၀န်း (၇၃၂၅၃) စတုရန်းမီတာ
၃။ ကာဝါဆာကီရှိ Kawasaki Azalea ….အကျယ်အ၀န်း (၅၆၇၀၄) စတုရန်းမီတာ
၎။ နာဂိုယာရှိ Central Park Chikagai ….အကျယ်အ၀န်း (၅၆၃၇၀) စတုရန်းမီတာ
၅။ အိုဆာကာရှိ Diamor Osaka ….အကျယ်အ၀န်း (၄၂၉၇၇) စတုရန်းမီတာ
Diamor Osaka
အိုဆာကာမြို့ရှိ မြေအောက်ကမ္ဘာ ကွန်ယက်မှာ ကြီးမားကျယ်ပြန့်ပြီး အူးမီဒါ (Umeda)၊ နမ်ဘ (Namba) နှင့် ရှီဆိုင်ဘာရှီ (Shisaibashi) ခရိုင်တွေမှာ ဖောက်လုပ် ထားပါတယ်။ လက်လီ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ မြေအောက်ရထားလမ်းများနှင့် ဘူတာများပါဝင်ပါတယ်။
တိုကျိုမြို့မှာ မြေအောက်ရထားလိုင်းပေါင်း (၁၃) လိုင်းရှိပြီး ဘူတာများကြားမှာလည်း ဆက်သွယ်ရေး လမ်းများနှင့် ဆက်သွယ် ထားပါတယ်။ ရှင်ဂျုကူ (Shinjuku) နှင့် ရှီဘူရာ (shinbuya) ဘူတာများ မှာတော့ အရောင်းဈေးဆိုင်တန်းများ ရှိပါတယ်။ တိုကျိုမြေအောက် ဥမင်ကွန်ယက်တွေက မြို့တော်ရဲ့ megalopolis အသွင်အပြင်ကို ဆောင်ပါတယ်။
ရုရှား
မော်စကိုမြို့ရှိ အော့ခွတ်နီး ရာဒ် (Okhotnyi Ryad) မက်ထရိုဘူတာမှာ အထပ်(၄)ထပ် ပါဝင်တဲ့ မြေအောက် အရောင်း ဈေးဆိုင်တန်းတစ်ခု ရှိပါတယ်။
စင်ကာပူ
Orchard Road မှာရှိတဲ့ shopping belt ကိုတော့ မြေအောက် ချိတ်ဆက်လမ်းကြောင်းများနှင့် ဆက်သွယ်ထားပါတယ်။အထူးသဖြင့် Orchard ၊ Somerset ၊ Dhoby Ghaut MRT ဘူတာများ တ၀ိုက်မှာ ချိတ်ဆက် ထားတာဖြစ်ပါတယ်။ (၄) ကီလိုမီတာ ရှည်တဲ့ ၎င်းလမ်းတစ်လျှောက် နှစ်ဘက်လုံးမှာ ရှိတဲ့အဆောက်အအုံတွေ အားလုံးကို မြေအောက်ကွန်ယက်အဖြစ် ချိတ်ဆက်သွားဖို့ လျာထားတာကို တွေ့ရပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ယခုပို့စ်ကို Tuesday, May 22, 2007 တွင် ရေးသားထားတာဖြစ်ပြီး
Tunnel
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
No Comment
Labels:
Tunnel
မြေအောက်ကမ္ဘာ(သို့) မြေအောက်မြို့တော် ဆိုတာကတော့ ဥမင်တွေကို ကွန်ယက်သဖွယ် ချိတ်ဆက်ထားပြီး အများအားဖြင့် မြို့တွင်း မြို့လယ်ခေါင်များမှာ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ မြေအောက်ကမ္ဘာ အများစုမှာတော့ ရုံးခန်းများ၊ အရောင်းဆိုင်ခန်းများ၊ ရထားများနှင့်ဘူတာများ၊ ပြဇာတ်ခန်းမများနှင့် အခြားအဆောက်အအုံများ ပါဝင်ပါတယ်။ မြေအောက်ကမ္ဘာတွေကို အများပြည်သူနှင့် သက်ဆိုင်တဲ့ အဆောက်အအုံတွေက တဆင့်ဝင်ရောက် အသုံးပြုနိုင်အောင် ဆောက်လုပ်လေ့ရှိပြီး တစ်ခါတစ်ရံမှာတော့ သီးခြားဆောက်လုပ်တာကို တွေ့ရပါတယ်။
အေးမြတဲ့ ရာသီဥတုရှိတဲ့ မြို့တော်များမှာ မြေအောက်ကမ္ဘာရဲ့အခန်းကဏ္ဍက အရေးပါလာတာကို တွေ့ရပါတယ်။ မြေအောက်မှာဖြစ်တဲ့အတွက်ကြောင့် ရာသီဥတုဒဏ်ကို ခံနိုင်မှာဖြစ်ပါတယ်။ လူသားတွေက မြေအောက်ကို တိုးဝင်လာရတဲ့ အကြောင်းရင်းကတော့ သဘာဝအတားအဆီး အခက်အခဲတွေကို ကျော်လွှားဖို့အတွက် သာမကပဲ မြေမျက်နှာပြင်ပေါ်မှာ ထိန်းသိမ်းရမယ့် အရာများကို ထိန်းသိမ်းရန်အပြင် မြို့ပြဗိသုကာ အနေအထားကိုလည်း ထည့်သွင်း စဉ်းစားတာလည်း ပါဝင်ပါတယ်။ မြေအောက်ကမ္ဘာ တွေထဲမှာတော့ မွန်ထရီရယ်လ် က အထင်ရှားဆုံးဖြစ်ပြီး အခြားမြေအောက်ကမ္ဘာများထက် ပိုမိုအသုံးပြုတာကို တွေ့ရပါတယ်။
ကမ္ဘာ့နိုင်ငံများအလိုက် မြေအောက်ကမ္ဘာ ပိုင်ဆိုင်မှုကိုတင်ပြလိုက်ပါတယ်။
ၾသစေတးလ်
ဆစ်ဒနီ (Sydney) မြို့တော် မြေအောက်ဘူတာ Town hall နားမှာရှိတဲ့ မြေအောက်ကမ္ဘာမှာတော့ ဈေးဆိုင်များကို အတွဲလိုက်တွေ့ရှိရမှာ ဖြစ်ပါတယ်။ တောင်ဘက်မှာ George Street cinema ခရိုင်၊ အနောက်ဘက်မှာ town hall နှင့် မြောက်ဘက်မှာတော့ Queen Victoria Building၊ စသည်တို့ကို ဦးတည် ထားပါတယ်။ မြောက်ဘက်အပိုင်း ကတော့ Queen Victoria Building ကို Galleries Victoria၊ ဆစ်ဒနီ စင်ထရယ်ပလာဇာ တို့နှင့် ဆက်သွယ် ထားပါတယ်။ မြေအောက်ကမ္ဘာက ၃ ကီလိုမီတာကျော် ရှည်လျားပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ဆစ်ဒနီ စင်ထရယ် ပလာဇာကို Pitt Street Mall နှင့် ချိတ်ဆက်ဖို့ရာ အတွက် ဥမင်ကွန်ယက်ကို ၅၀၀ မီတာ တိုးချဲ့ဖို့စီမံခဲ့ကြပါတယ်။
ကနေဒါ
အဒ်မွန်တန် (Edmonton) မြို့မှာတော့ ဥမင်ကွန်ယက်ငယ် တစ်ခုနှင့် Pedway ခေါ် မိုးပေါ်လမ်းရှိပြီး LRT ဘူတာများနှင့် အဆောက်အအုံများကို ဆက်သွယ်ထားပါတယ်။
မွန်ထရီရယ်လ်(Montreal) (သို့) (la Ville souterraine in French) ကတော့ ကမ္ဘာ့အကြီးဆုံး မြေအောက်ကမ္ဘာတစ်ခု ဖြစ်ပါတယ်။ ဥမင်အရှည် ၃၂ ကီလိုမီတာရှိပြီး မြို့ကွက် ၄၁ ခုစာ ရှိပါတယ်။ဧရိယာ ၁၂ စတုရန်း ကီလိုမီတာခန့် ကျယ်ဝန်းပါတယ်။ လူနေအိမ်ခန်းများ၊ ဟိုတယ်များ၊ ရုံးများ၊ ဘဏ်များ၊ တက္ကသိုလ်များ၊ အများပြည်သူနှင့်သက်ဆိုင်တဲ့ နေရာများဖြစ်တဲ့ ပြဇာတ်ခန်းမများ၊ ရုပ်ရှင်ရုံများ၊ bell centre ဟော်ကီအားကစားကွင်း၊ ပြတိုက်များ၊ မြေအောက်ဘူတာ ၇ ခု၊ ရထားဘူတာ ၂ ခု (Lucien-L’Allier နှင့် Gare Centrale)၊ ဘတ်စ်ကားဂိတ်တစ်ခု (Réseau de transport de Longueuil) နှင့် အခြား transit များကိုဆက်သွယ်ထားပါတယ်။
Place Ville Marie၊ Queen Elizabeth ဟိုတယ်နှင့် Gare Centrale တို့ကို ဆက်သွယ်ရာမှ ဤမြေအောက် ကမ္ဘာကို စတင်ခဲ့ပါတယ်။
ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်နှင့် ရုပ်ရှင်ရုံပေါင်း ၄၀ ပါဝင်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်များ အနေနှင့် မြေအောက်ကမ္ဘာရဲ့ ဆွဲဆောင်မှုကောင်းတဲ့ နေရာများကို လည်ပတ်ကြပါတယ်။ မွန်ထရီရယ်လ် (Monteral) မြို့သူမြို့သားများ ကတော့ နေ့စဉ် လူဦးရေ ၅သိန်းခန့် မြေအောက် ကမ္ဘာကို အသုံးပြုကြပါတယ်။
ပင်မမြေအောက်ကမ္ဘာ ကွန်ယက်ထဲမှာ မပါဝင်သေးတဲ့ မြေအောက်ဘူတာ ၈ ခုနှင့် အခြားကွန်ယက်ငယ်များ ကိုလည်းချိတ်ဆက်ထားပါတယ်။ ဥပမာအနေနှင့်- အရှေ့ပိုင်းမှာရှိတဲ့ ဘာရီ UQAM၊ 1976 Summer Olympics အိမ်ရာများနှင့် ချိတ်ဆက်ထားတဲ့ Pie-IX တို့နှင့် ချိတ်ဆက်ထားပါတယ်။ အခြားမြေအောက်ကွန်ယက် တစ်ခုဖြစ်တဲ့ မြေအောက် ရထားလမ်းရဲ့ အစိတ်အပိုင်းမဟုတ်တဲ့ La Cité housing နှင့် retail Complex တို့ကိုလည်း ချိတ်ဆက် ထားပါတယ်။

မွန်ထရီရယ်လ် မြေအောက်မြို့တော် တစ်စိတ်တစ်ပိုင်းပုံ
ပုံမှာ ပြထားတဲ့မြားတွေကတော့ မြေအောက်မြို့တော်မှာရှိတဲ့ အဆောက်အဦ နေရာအညွှန်းဖြစ်ပါတယ်။
MUNnels လို့ခေါ်တဲ့ ဥမင်ကွန်ယက် တစ်ခုကို Memorial University of Newfoundland မှာတည်ဆောက် ထားပြီး အဓိက အဆောက်အအုံများကို ဆက်သွယ်ထားပြီး မြင့်တက်သွားတဲ့ လူသွားစင်္ကြံလမ်းကို တပ်ဆင်ထားပါတယ်။
တိုရွန်တိုမြို့ (PATH) မှာရှိတဲ့ မြေအောက်ကမ္ဘာမှာတော့ ၂၇ ကီလိုမီတာရှည် လျှောက်လမ်းနှင့် ဆိုင်ခန်းပေါင်း ၁၂၀၀ ပါဝင် ဖွဲ့စည်းထားပါတယ်။ အရေးကြီး အဆောက်အအုံများနှင့် မြို့တွင်းရှိ TTC မြေအောက်ဘူတာ ၅ ခုနှင့် ချိတ်ဆက်ထားပါတယ်။ PATH မှာလူပေါင်း ၁၀၀၀၀၀ ခန့်ဝင်ဆန့်ပြီး ကမ္ဘာ့အကြီးဆုံး မြေအောက် လျှေက်လမ်း ဈေးဆိုင်တစ်ခုအဖြစ်တည်ရှိနေပါတယ်။
တိုရွန်တိုမှာရှိတဲ့ PATH မြေအောက်ကွန်ယက်ဟာ ကမ္ဘာအကြီးဆုံး ဈေးဆိုင်အစုအဝေးဖြစ်ပြီး ၃၇၁၆၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်။
တိုရွန်တိုမှာပဲ နောက်ထပ် မြေအောက်ကမ္ဘာငယ် တစ်ခုရှိပါသေးတယ်။ အဆောက်အအုံ တစ်ချို့နှင့် Bloor လမ်းပေါ်မှာရှိတဲ့ မြေအောက်ဘူတာနှစ်ခုကို ဆက်သွယ်ထားပါတယ်။

Vancouver မှာတော့ ပစိဖစ်စင်ထရီ(Pacific Centre)လို့ခေါ်တဲ့ ဈေးဆိုင်တန်း ရှိပြီး မြို့ကွက် ၃ ကွက်စာ ချဲ့ထွင်ထားပြီး အထပ်ပေါင်း ၂၀၀ ကျော်ကို မြေပေါ်၊ မြေအောက် နှစ်မျိုးဆောက်လုပ် ထားပါတယ်။
ချီလီ
ဆန်တီရာဂို (Santiago) မြို့မှာတော့ မြေအောက် မက်ထရိုများနှင့် ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ကမ္ဘာကို တွေ့ရပါတယ်။ ဘူတာအားလုံးမှာ ပုံမှန် မက်ဇနင်း (mezzanine) (အောက်ဆုံးအဆင့်) အဆင့် မှာရှိပြီး ထိုအဆင့်မှာပဲ ရထားပြေးဆွဲပါတယ် ။ မြေပေါ်လမ်းနှင့် မြေအောက်ဘူတာ အဆင့်ကြားမှာတော့ ဈေးဆိုင်ခန်းများပါဝင်တဲ့ အဆင့်တစ်ခုပါဝင်ပါတယ်။ ထိုအဆင့်မှာတော့ ဆိုင်ခန်းမျိုးစုံနဲ့ ဆိုင်အသေးစားလေး တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
တရုတ်
ပီကင်း (Beijing) မြို့တော်မှာတော့ စီနို-ဆိုဗီယက် ပဋိပက္ခ (Sino-Soviet conflict) ဖြစ်နေတဲ့ကာလ ကတည်းက ကြီးမားကျယ်ပြန့်တဲ့ မြေအောက်ဥမင်ကွန်ယက်ကို ဆောက်လုပ်ခဲ့ကြပါတယ်။ ၈၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ၁၉၇၀ နှစ်လွန်ကာလများက အသုံးမပြုပဲထားခဲ့ကြပါတယ်။ ယခု များ မကြာမီကပင် အများပြည်သူနှင့် ခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဖင်လန်
ဟယ်ဆင်ကီမြို့ (Helsinki) မှာတော့ မြေအောက်ရထားဘူတာများ (Rautatientori, Kamppi, Kaisaniemi) နှင့် ဈေးဆိုင်တန်းများပါဝင်တဲ့ ပင်မရထားဘူတာ နေရာရှိပါတယ်။ Kamppi မက်ထရိုဘူတာမှာတော့ Kamppi Center မှာရှိတဲ့ အဝေးပြေးကားဂိတ်၊ ကုန်စည်ပို့ဆောင်ရေး စခန်းနှင့် ယာဉ်ရပ်စခန်းများ နဲ့ပေါင်းစပ်ထားပြီး တည်ဆောက်ထားပါတယ်။ အထပ် ၆ ထပ်ပါ ဈေးဆိုင် အဆောက်အအုံနှင့် ဒေသတွင်းသွား ဘတ်စ်ကားများရဲ့ ပင်မဘတ်စ်ကားဂိတ်လည်း ပါဝင်ပါတယ်။ မြေအောက်ကွန်ယက်ကို အနီးအနားမှာရှိတဲ့ ဖော်ရမ် (Forum) ဈေးရောင်းစင်တာ၊ စတော့မန်း (Stockmann) စတိုးဆိုင် စသည်တို့နှင့်လည်း ဆက်သွယ်ထားပါတယ်။
ဟယ်ဆင်ကီမြို့မှာ အခြားမြေအောက်ကွန်ယက်အနေနှင့် မြေအောက်ဘူတာ ၂ ခု(Hakaniemi, Sörnäinen)ကို ဆောက်လုပ်ထားပါတယ်။
ဆက်လက်ဖော်ပြပါမည်။
ယခုပို့စ်ကို Saturday, May 19, 2007 တွင် ရေးသားထားတာဖြစ်ပြီး
Tunnel
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
Subscribe to:
Posts (Atom)