အဲဒီမှာ... နာသုံးနာနဲ့ပြည့်စုံတဲ့ ဆရာသမားတွေနဲ့ တွေ့ခဲ့ရတယ်..
အဲဒီမှာ... သူငယ်ချင်းဆိုတာ ဘာလဲ ဆိုတာ အဓိပ္ပါယ်ဖော်ပြခဲ့တဲ့ လူတွေနဲ့တွေ့ခဲ့ရတယ်..
အဲဒီမှာ... အတတ်ပညာ၊ အသိပညာတွေ သင်ကြားခဲ့ရတယ်...
အဲဒီမှာ... စာမေးပွဲတွေ၊ အမှတ်တွေ၊ အဆင့်တွေနဲ့ အလုပ်ရှုပ်ခဲ့ဖူးတယ်...
အဲဒီမှာ... ကြိမ်လုံးစာလည်း မြည်းခဲ့ဖူးတယ်..
အဲဒီမှာ... ဂုဏ်ပြုခံရတယ်ဆိုတဲ့ ဆုလည်းရခဲ့ဖူးတယ်..
အဲဒီမှာ... ဘ၀ ကို ဘယ်လိုဆက်လျှောက်ရမယ်ဆိုတာ လမ်းကြောင်းရွေးခဲ့ရတယ်..
အဲဒီမှာ... ကျောင်းတက်ခွင့်ရခဲ့တဲ့ အတွက် တကယ်ကို ၀မ်းသာကျေနပ်ခဲ့ရတယ်..
ခုတော့.. အဲ့ဒီနေရာလေးနဲ့ဝေးခဲ့တာ...(၁၀)နှစ်ပြည့်တော့မယ်..
ဆယ်စုနှစ်တစ်ခုစာ ကာလတစ်ခုကြာပြီးတဲ့နောက်မှာ... ဘာတွေဖြစ်လာလဲ.
ဆရာသမားတွေ..
တစ်ချို့လည်းရှိဆဲ၊ တစ်ချို့လည်း မရှိတော့ဘူးပေါ့။ ဒါပေမယ့် ကျောင်းသားတွေရဲ့ ရင်ထဲမှာတော့ ထာဝရရှိနေမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်...
သူငယ်ချင်းတွေ..
အသီးသီး ဘ၀လမ်းကို လမ်းကြောင်းပေါင်းစုံနဲ့ လျှောက်ကြတယ်..
အောင်မြင်တဲ့သူတွေရော.. ကြိုးစားနေဆဲသူတွေရော..နေရာဒေသ ပေါင်းစုံကို ခြေဆန့်ရင်း အောင်မြင်မှုကို ရှာနေကြဆဲ..
ဒါပေမယ့်... ဗိုလ်(၅) ဆိုတဲ့အသံလေးကို ကြားလိုက်ရတယ် ဆိုရင်ပဲ ကျောင်းသားဘ၀ကို ပြန်မြင်ယောင်မှာ မလွဲပါဘူး..
ကျွန်တော်.......
သူငယ်တန်းတုန်းက ဆရာမ ဒေါ်ဖီလို ကို အရမ်းတွေ့ချင်တယ်.. ကျွန်တော်ရဲ့ ကျောင်းသားဘ၀ ပထမဆုံးဆရာမ..
လေးတန်းတုန်းက အချိန်ပိုခေါ်စာသင်ပေးခဲ့တဲ့ ဆရာမဒေါ်ခင်လေးဦးရဲ့ စေတနာတွေကို ယနေ့ထိတိုင် မြင်ယောင်နေမိတယ်..
နောက် ရှစ်တန်း၊ ဆယ်တန်း.. အလယ်တန်း၊ အထက်တန်း အတန်းတိုင်းမှာ သင်ကြားပြသခဲ့တဲ့ ဆရာ၊ဆရာမ တွေကို ဦးညွတ်လျက်..
ကျောင်းသားဘ၀ သူငယ်ချင်းတွေအများကြီးရှိခဲ့ပါတယ်.. ခုအပြင်မှာ တစ်ယောက်တစ်လေတောင် ပြန်မတွေ့ရတာ စိတ်မကောင်းပါဘူး..
အားလုံးကနေရာဒေသ အသီးသီးမှာ အလုပ်အကိုင် အသီးသီးနဲ့ ပျော်ဝင်နေကြပါပြီ။
ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေပါစေ.. ကျောင်းတုန်းက သူငယ်ချင်းကို ဘယ်လိုနည်းလမ်းနဲ့ပဲ တွေ့တွေ့ စိတ်တွေက
ငယ်ဘ၀ကို ပြန်ရောက်သွားမိတယ်.. ပျော်ရွှင်စရာ.. ကြည်နူးစရာတွေဆီကို ပြန်ရောက်သွားတယ်..
ခုဒီ ဘလော့ဂ်ရပ်ဝန်းမှာလည်း ကျောင်းတုန်းက သူငယ်ချင်းတွေကို ပြန်တွေ့ရတယ်.. ပျော်တယ်. ၀မ်းသာတယ်. နေရာစုံမှာ ရှိနေတဲ့ သူငယ်ချင်းတွေအကြောင်းကို တစေ့တစောင်း သိခွင့်ရတယ်. အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆက်သွယ်ခွင့်ရခဲ့တယ်.
ကျောင်းတုန်းက ရင်ခုန်သံတွေကို ပြန်ကြားခွင့်ရတဲ့အတွက် .... သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်..
ဖြစ်နိုင်မယ်ဆိုရင် သူငယ်ချင်းတွေအားလုံး gathering လေးတစ်ခုလောက်လုပ်ချင်ပါတယ်..
ကျောင်းနဲ့ပတ်သတ်လို့ အမှတ်တရတွေကတော့ အများကြီးဗျာ.. လောလောဆယ် ဖြစ်ချင်တဲ့ ဆန္ဒလေးကို တင်လိုက်တာပါ..
ကျောင်းနဲ့သက်ဆိုင်တဲ့ ကျောင်းအကြောင်း.. သူငယ်ချင်းတွေ အကြောင်း အလွမ်းပြေကြည့်ချင်ရင်...
http://bo5.netfirms.com/
http://bo5.blogspot.com/
http://groups.yahoo.com/group/BEHS5_Botataung/
http://www.friendster.com/group/tabmain.php?gid=35161 (97-98 batch) စတဲ့နေရာတွေမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်
..မေ..
..အမေ..
..မေမေ..
...မေကြီး…
...မာမား…
...အမား…
..မာမီ..
..အမိုး..
..အနူး..
....ဘယ်လိုပဲခေါ်ခေါ်….
....အားလုံးရဲ့ ရင်ထဲမှာ….
....အမေ ဆိုတာ….
....အစားထိုးမရနိုင်တဲ့သူ….
....တန်ဖိုးဖြတ်လို့မရနိုင်တဲ့သူ….
....ကျေးဇူးကြီးမားလှတဲ့သူ….
....အဆုံးမဲ့ မေတ္တာတရား ကိုပိုင်ဆိုင်တဲ့သူ….
....အအေးချမ်းဆုံး ရင်ခွင်ကို ပိုင်ဆိုင်တဲ့သူ….
....ခွင့်လွှတ် နားလည်မှု တွေကို ပိုင်ဆိုင်တဲ့သူ….
....လူတိုင်း၊ လူတိုင်းရဲ့ လက်ဦးဆရာဖြစ်တဲ့သူ….
....သားသမီးတွေကို အောင်မြင် ပျော်ရွှင်စေချင်တဲ့သူ….
....သားသမီးတွေကို ပြုံးပျော် နေတာကိုပဲ မြင်ချင်တဲ့သူ….
....သားသမီးတွေရဲ့အသံ ကိုကြားရရုံနှင့် ၀မ်းသာနေတဲ့သူ….
....သားသမီးတွေရဲ့လိုအင် ဆန္ဒကို အားလုံးဖြည့်စွမ်းပေးချင်တဲ့သူ….
....အဝေးရောက် သားသမီးတွေ အတွက်ကို အမြဲစိတ်ပူ နေတတ်တဲ့သူ….
....လောကဓံတရားရဲ့ ရိုက်နှက်မှုကို ရှေ့ကနေ မားမားရပ် ကာကွယ်ပေးတဲ့သူ….
....ကကာလ ရေကြည်တည် ကာစက စလို့ ပူ၊စပ်၊ဖန်၊ခါး ရှောင်ရှားပြီး ချစ်ခဲ့တဲ့သူ….
သားရင်ထဲမှာ စေတီတစ်ဆူဖြစ်တဲ့မာမားကို သားအမြဲ ဦးတိုက်ရှစ်ခိုးလျှက်ပါ…
ဒါကတော့ Happy Mother’s day ဖြစ်ပေါ်လာပုံလေးပါ…
လွန်ခဲ့သော နှစ်တစ်ရာခန့်က အန်းမာရီယာရီဖ်ဂျားဗစ် အမည်ရှိ အမျိုးသမီးကြီးသည် ကလေးသေပျောက်နှုန်း ကျဆင်းရေး၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် အထွေထွေ ကျန်းမာရေး အခြေအနေ တိုးတက် ကောင်းမွန် ရေးကိုရှေးရှု၍ “မိခင်များနေ့လုပ်ငန်းအဖွဲ့” ကိုဖွဲ့စည်း တည်ထောင် ခဲ့သည်။ ၄င်း၏သမီးဖြစ်သူ အင်နာဂျားဗစ် သည် ၁၉၀၅ ခုနှစ်တွင် အစိုးရ အသိအမှတ်ပြုသော “အမေများနေ့” ဖြစ်မြောက်ရန် မနားမနေ ကြိုးစားခဲ့သည်။ ထိုနေ့တွင် လူတို့သည် ဘုရားရှိခိုး ကျောင်းသွားခြင်း၊ မိခင်များသို့ စာလွှာပါးခြင်းများ ပြုလုပ် ကြလိမ့်မည်ဟု မြင်ယောင်ခဲ့သည်။ အင်နာသည် သူမ၏မိခင်အား ဂုဏ်ပြုရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။ ဆယ်နှစ်ခန့် ကြာသောအခါ “အမေများနေ့” လှုပ်ရှားမှု အောင်မြင် လာသည်။ ထင်ရှားသော ပုဂ္ဂိုလ်များပါ ဆက်သွယ် လာကြသည်။ မိခင် အန်းမာရီယာ၏ ဘုရားရှိခိုးကျောင်းတွင် “ကာနေးရှင်း” အဖြူရောင် ငါးရာကို လက်ဆောင် ပေးသည်။ သူမ၏ မိခင်အကြိုက်ဆုံးပန်း ဖြစ်သည့် အပြင် ထိုပန်းသည် ညှိုးရုံညှိုး၍ သေမသွားချေ။ နောက်ဆုံး၌ ၁၉၁၄ ခုနှစ်တွင် သမ္မတ ၀ုဒရိုးဝီလဆင်က မိသားစုတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ ကိုဂုဏ်ပြု သောအားဖြင့် နေ့တစ်နေ့ကို တရားဝင် သတ်မှတ် ပေးလေသည်။
ကျွန်တော်အကြိုက်သီချင်းလေးတစ်ပုဒ်ကို တင်လိုက်ပါတယ်..
အမေ့ရုပ်ရည် ထဲက ညီပုလေးဆိုထားတဲ့သီချင်းလေးပါ...
သီချင်းခေါင်းစဉ်လေးက .. ပျက်စီးအိပ်မက် ဖြစ်ပါတယ်။..
