No Comment
Labels:
ခံစားချက်များ
အ.ထ.က (၅) ဗိုလ်တထောင်...
အဲဒီနာမည်ကိုကြားလိုက်တာနဲ့ ငါတို့ကျောင်း ဆိုပြီးချက်ချင်း စိတ်ဝင်စားမိပါတယ်..အဲဒီမှာ... နာသုံးနာနဲ့ပြည့်စုံတဲ့ ဆရာသမားတွေနဲ့ တွေ့ခဲ့ရတယ်..
အဲဒီမှာ... သူငယ်ချင်းဆိုတာ ဘာလဲ ဆိုတာ အဓိပ္ပါယ်ဖော်ပြခဲ့တဲ့ လူတွေနဲ့တွေ့ခဲ့ရတယ်..
အဲဒီမှာ... အတတ်ပညာ၊ အသိပညာတွေ သင်ကြားခဲ့ရတယ်...
အဲဒီမှာ... စာမေးပွဲတွေ၊ အမှတ်တွေ၊ အဆင့်တွေနဲ့ အလုပ်ရှုပ်ခဲ့ဖူးတယ်...
အဲဒီမှာ... ကြိမ်လုံးစာလည်း မြည်းခဲ့ဖူးတယ်..
အဲဒီမှာ... ဂုဏ်ပြုခံရတယ်ဆိုတဲ့ ဆုလည်းရခဲ့ဖူးတယ်..
အဲဒီမှာ... ဘ၀ ကို ဘယ်လိုဆက်လျှောက်ရမယ်ဆိုတာ လမ်းကြောင်းရွေးခဲ့ရတယ်..
အဲဒီမှာ... ကျောင်းတက်ခွင့်ရခဲ့တဲ့ အတွက် တကယ်ကို ၀မ်းသာကျေနပ်ခဲ့ရတယ်..
ခုတော့.. အဲ့ဒီနေရာလေးနဲ့ဝေးခဲ့တာ...(၁၀)နှစ်ပြည့်တော့မယ်..
ဆယ်စုနှစ်တစ်ခုစာ ကာလတစ်ခုကြာပြီးတဲ့နောက်မှာ... ဘာတွေဖြစ်လာလဲ.
ဆရာသမားတွေ..
တစ်ချို့လည်းရှိဆဲ၊ တစ်ချို့လည်း မရှိတော့ဘူးပေါ့။ ဒါပေမယ့် ကျောင်းသားတွေရဲ့ ရင်ထဲမှာတော့ ထာဝရရှိနေမယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်...
သူငယ်ချင်းတွေ..
အသီးသီး ဘ၀လမ်းကို လမ်းကြောင်းပေါင်းစုံနဲ့ လျှောက်ကြတယ်..
အောင်မြင်တဲ့သူတွေရော.. ကြိုးစားနေဆဲသူတွေရော..နေရာဒေသ ပေါင်းစုံကို ခြေဆန့်ရင်း အောင်မြင်မှုကို ရှာနေကြဆဲ..
ဒါပေမယ့်... ဗိုလ်(၅) ဆိုတဲ့အသံလေးကို ကြားလိုက်ရတယ် ဆိုရင်ပဲ ကျောင်းသားဘ၀ကို ပြန်မြင်ယောင်မှာ မလွဲပါဘူး..
ကျွန်တော်.......
သူငယ်တန်းတုန်းက ဆရာမ ဒေါ်ဖီလို ကို အရမ်းတွေ့ချင်တယ်.. ကျွန်တော်ရဲ့ ကျောင်းသားဘ၀ ပထမဆုံးဆရာမ..
လေးတန်းတုန်းက အချိန်ပိုခေါ်စာသင်ပေးခဲ့တဲ့ ဆရာမဒေါ်ခင်လေးဦးရဲ့ စေတနာတွေကို ယနေ့ထိတိုင် မြင်ယောင်နေမိတယ်..
နောက် ရှစ်တန်း၊ ဆယ်တန်း.. အလယ်တန်း၊ အထက်တန်း အတန်းတိုင်းမှာ သင်ကြားပြသခဲ့တဲ့ ဆရာ၊ဆရာမ တွေကို ဦးညွတ်လျက်..
ကျောင်းသားဘ၀ သူငယ်ချင်းတွေအများကြီးရှိခဲ့ပါတယ်.. ခုအပြင်မှာ တစ်ယောက်တစ်လေတောင် ပြန်မတွေ့ရတာ စိတ်မကောင်းပါဘူး..
အားလုံးကနေရာဒေသ အသီးသီးမှာ အလုပ်အကိုင် အသီးသီးနဲ့ ပျော်ဝင်နေကြပါပြီ။
ဒါပေမယ့် ဘယ်လိုပဲ ဖြစ်နေပါစေ.. ကျောင်းတုန်းက သူငယ်ချင်းကို ဘယ်လိုနည်းလမ်းနဲ့ပဲ တွေ့တွေ့ စိတ်တွေက
ငယ်ဘ၀ကို ပြန်ရောက်သွားမိတယ်.. ပျော်ရွှင်စရာ.. ကြည်နူးစရာတွေဆီကို ပြန်ရောက်သွားတယ်..
ခုဒီ ဘလော့ဂ်ရပ်ဝန်းမှာလည်း ကျောင်းတုန်းက သူငယ်ချင်းတွေကို ပြန်တွေ့ရတယ်.. ပျော်တယ်. ၀မ်းသာတယ်. နေရာစုံမှာ ရှိနေတဲ့ သူငယ်ချင်းတွေအကြောင်းကို တစေ့တစောင်း သိခွင့်ရတယ်. အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းတွေနဲ့ ပြန်ဆက်သွယ်ခွင့်ရခဲ့တယ်.
ကျောင်းတုန်းက ရင်ခုန်သံတွေကို ပြန်ကြားခွင့်ရတဲ့အတွက် .... သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်..
ဖြစ်နိုင်မယ်ဆိုရင် သူငယ်ချင်းတွေအားလုံး gathering လေးတစ်ခုလောက်လုပ်ချင်ပါတယ်..
ကျောင်းနဲ့ပတ်သတ်လို့ အမှတ်တရတွေကတော့ အများကြီးဗျာ.. လောလောဆယ် ဖြစ်ချင်တဲ့ ဆန္ဒလေးကို တင်လိုက်တာပါ..
ကျောင်းနဲ့သက်ဆိုင်တဲ့ ကျောင်းအကြောင်း.. သူငယ်ချင်းတွေ အကြောင်း အလွမ်းပြေကြည့်ချင်ရင်...
http://bo5.netfirms.com/
http://bo5.blogspot.com/
http://groups.yahoo.com/group/BEHS5_Botataung/
http://www.friendster.com/group/tabmain.php?gid=35161 (97-98 batch) စတဲ့နေရာတွေမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်
ယခုပို့စ်ကို Friday, July 27, 2007 တွင် ရေးသားထားတာဖြစ်ပြီး
ခံစားချက်များ
ထဲမှာ စုစည်းထားပါတယ်...
ကော်မန့်ထားခဲ့ချင်တယ်ဆိုရင် ဒီမှာရေးနိုင်ပါတယ်,
ဒါမှမဟုတ် ပို့စ်ကိုညွှန်းချင်ရင်တော့ ဒီနေရာကရယူပါ. .
Subscribe to:
Post Comments (Atom)
Post a Comment