No Comment Labels:

shooting rampage

မေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပေါ်လီတက်ကနစ်ကျောင်း နော်ရစ် ခန်းမတွင် တောင်ကိုရီးယား နိုင်ငံသား သေနတ်သမားတစ်ဦး ၀င်ရောက် ပစ်ခတ်မှုကြောင့် အနည်းဆုံးလူဦးရေ (၃၁) ဦးသေဆုံး ခဲ့ရသည်။ ၄င်းကျောင်းတွင် ပညာသင်ကြားနေသော အသက် (၂၀) အရွယ်ရှိ Clay Violand အမည်ရှိ ကျောင်းသား၏ ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်လည်ဖော်ပြထားပါသည်။

ကျွန်တော်တို့အတန်းကို မရောက်ခင် လမ်းတ၀က်လောက်ကနေပြီးတော့ ဆူညံသံကို ကျွန်တော်တို့ ကြားလိုက်ရပါတယ်။ “ဆောက်လုပ်ရေး တစ်ခုခု ကနေ ထွက်နေတဲ့ အသံဖြစ်မှာပေါ့“ လို့တစ်စုံတစ်ယောက်က ပြောလိုက်တာကို ကြားလိုက်မိတယ်။ ဒါပေမယ့် ဆူညံသံက ရပ်မသွားဘူး။ ဆရာမမှလည်း “ဒါငါတို့ ထင်နေတာမဟုတ်ဘူး” လို့ပြောသံကို ကြားမိ လိုက်တယ်။ အဲဒီ အချိန်မှာပဲ ကြောက်ရွှံ့ ဖို့ကို သတိရမိ လိုက်တယ်။ ကျွန်တော်လည်း ဆရာမကို လက်ညှိုးညွှန်ပြပြီး စားပွဲဖြင့် တံခါးကို ပိတ်ဆို့ဖို့ကို ပြောလိုက်တယ်။ ဆရာမက တံခါးကို ပိတ်လိုက်ပြီး “အရေးပေါ် (၉၁၁) ကို ခေါ်ကြပါ“ လို့ပြောလိုက် တယ်။ ကော်လင်းက ထရပ်ပြီး(၉၁၁) ကိုခေါ်နေတယ်။

အဲဒီအချိန်လေးအတွင်းမှာပဲ တံခါးက ပြင်းထန်စွာ ပွင့်ထွက်လာခဲ့ပြီး ကျွန်တော်၏ မြင်ကွင်းထဲကို သေနတ်တစ်လက် ၀င်လာပါတယ်။ အဲဒီနောက်မှာတော့ သေနတ်သမားက ကပ်ပါလာပါတယ်။ သူကတော့ အာရှတိုက်သားပါ။ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဖြစ်ပါတယ်။ သူ့ကိုယ်မှာပါတဲ့ ခါးပတ်ကြီးထဲမှာ ကျည်ဆန်တွေ၊ ခဲယမ်းတွေဖြစ်မှာပါ။ ဒါက ကျွန်တော် လျှပ်တပြက်တွေ့လိုက်ရတာပါပဲ။ အဲဒီနောက်မှာတော့ ကျွန်တော် စားပွဲခုံတစ်လုံးရဲ့အောက်ကို ဒိုက်ဗင် ထိုးချလိုက်ပါတယ်။ အဲဒီစားပွဲအောက်မှာပဲ ကျွန်တော် သေရ မယ်လို့ရွေးချယ်ခဲ့တာပါ။

လူသတ်သမားကတော့ အေးဆေးတည်ငြိမ်စွာနဲ့ လူများကို ပစ်ခတ်ပါတော့တယ်။ ပစ်ခတ်ချိန်၊ရပ်နားချိန်၊ လူတစ်ယောက်မှ တစ်ယောက်သို့ ပြောင်းလဲ ပစ်ခတ်ချိန်များမှာ စည်းချက်ကျနစွာ ထွက်ပေါ်နေပါတယ်။ တစ်ချက်ပစ်ပြီးတိုင်း နောက်တစ်ချက်ဟာ ကျွန်တော် အတွက်လား လို့ထင်နေမိခဲ့ပါတယ်။ အားလုံပစ်ခတ်ပြီးတဲ့အချိန်အထိကို ကျွန်တော်ဘာမှကို မခံစားခဲ့ရပါဘူး။ ကျွန်တော်လည်း သေချင်ယောင်ဆောင်ခဲ့ပြီး တတ်နိုင်သမျှ အသက်မရှိသကဲ့သို့ ကြိုးစားနေခဲ့ပါတယ်။ တစ်ချက်ပစ်ပြီးတိုင်း အော်သံ၊ ငိုသံ။ ညည်းတွားသံများကို အတိုင်းသား ကြားနေရပါတယ်။

နောက်အချိန် အနည်းငယ် အတွင်းမှာပဲ သူထွက်သွားပါတယ်။ အဲဒီအချိန်ဟာ (၅) မိနစ်လား? (၁) နာရီလား ကျွန်တော်မပြောနိုင်ပါဘူး။ အခန်းအတွင်းမှာတော့ ညည်းတွား ငိုညည်းသံက လွဲလို့ တိတ်ဆိတ်နေပါတယ်။ ကျွန်တော်လည်း ခေါင်းကို ထောင်တယ် ဆိုရုံလေး ထောင်ပြီး ခက်ခဲစွာ ရေရွတ်မိပါတယ်..“ သေချင်ယောင် ဆောင်နေမှဖြစ်မှာပါ။ မင်းကိုသေတယ်လို့ ထင်သွားရင် မင်းကို သတ်မှာမဟုတ်ပါဘူး။“

များမကြာမီအချိန်အတွင်းမှာပင် သေနတ်သမားမှာ အခန်းအတွင်းသို့ပြန်လည်ဝင် ရောက်လာခဲ့ပါတယ်။ ကျွန်တော်၏ဦးခေါင်းကို တချိန်လုံး နှိမ်ချ၍ ဆက်လက် သေဟန်ဆောင်နေခဲ့ပါတယ်။ အခန်းအတွင်း မှလူများအား သေချာစွာထပ်မံ ပစ်ခတ်တာဖြစ်ပါတယ်။ သေနတ် ပစ်သံများက အခန်းတွင်းမှ လူများထက် ပိုမိုတာကို သတိထား မိပါတယ်။ သူ့သေနတ်ကို ကျည်ပြန် ဖြည့်တာ (၃) ခါရှိမယ် ထင်ပါတယ်။ ပစ်ခတ်မှုကို ခဏကြာကြာ ရပ်ထား တာကို တွေးကြည့်ပြီး ပြောတာပါ။ သေနတ်သမားက တစ်ယောက်ပြီး တစ်ယောက် ဆက်ပစ်နေပါတယ်။ သေနတ်သမားက တစ်ချက်ပစ်ပြီးတိုင်းကို နောက်တစ်ချက်ဟာ ကျွန်တော်အတွက် များဖြစ်မလား လို့တွေးနေမိပါတယ်။


ကျွန်တော်အနေနဲ့သေနတ်ဒဏ်ရာဟာဘယ်လို ခံစားရမယ် ဆိုတာတွေးတောနေမိပါတယ်။ မနာကျင် လောက်ဘူးလို့ မျှော်လင့်နေမိ ခဲ့ပါတယ်။ သေခြင်းတရားကို လက်ခံဖို့အတွက် အဆင်သင့်ဖြစ်နေပေမယ့် အကြောက်တရားက ကျွန်တော့်ကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ ကျွန်တော် သေဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော့်မိဘတွေ ဘယ်လိုကျန်ရစ်ခဲ့ မလဲ ဆိုတာကို ၀မ်းနည်းစွာ တွေးပူနေမိပါတယ်။ ကျွန်တော်မိဘတွေ အကြောင်းကို တွေးနေမိပါတယ်။ ကျွန်တော်ရဲ့ရှေ့တည့်တည့်မှာ မိန်းကလေးတစ်ယောက် ရှိနေပါတယ်။ ကျွန်တော် သူမကို သေချာမသိပါဘူး၊ သူမ နာမည်ဘယ်လိုခေါ်တယ် ဆိုတာကိုလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ပြီး အကြာကြီး ကြည့်နေမိပါတယ်။ သူမဟာ တော်တော်ကိုရဲရင့်ပါတယ်။ သူမငိုခဲ့တယ် လို့ကျွန်တော်မထင်ခဲ့မိဘူး။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြောင်ပြီး ကြည့်နေမိပါတယ်။

သေနတ်သမား ပြန်လည်ထွက်ခွာ သွားချိန်မှာ ရဲများခန်းမ အတွင်းသို့ ဇွတ်တိုးဝင်လာပြီး အားလုံးဝပ်နေဖို့ အကြောင်းကို အော်ဟစ်နေတာကို ကြားလိုက်ပါတယ်။ ရဲသားများက အခန်းတံခါးကို ပြင်းပြင်းထန်ထန် ခေါက်ပြီး တစ်စုံတစ်ယောက်ကို ဖွင့်ပေးဖို့ အော်ပြောနေတာကို ကြားလိုက်ပါတယ်။ အဲဒီနောက်မှာပဲ ရဲသားများဟာ အခန်းထဲကို ၀င်လာပြီး ကျွန်တော်တို့ကို လမ်းလျှောက်နိုင်က လျှောက်ပြီး ထွက်လာဖို့ပြောပါတယ်။ ကျွန်တော်လည်း ထရပ်ပြီး လက်မြှောက်ပြီး ထွက်လာပါတယ်။ ကျွန်တော်နဲ့ ကျွန်တော်ရှေ့က မိန်းကလေး နှစ်ယောက်ပဲ ထရပ်တာ သတိထားမိပါတယ်။ သူမမှာ သေနတ်ဒဏ်ရာ ရထားပါတယ်။ ကျွန်တော် သူမ တည်ငြိမ်စွာနေနိုင်တဲ့ အတွက်ကို ဂုဏ်ယူမိပါတယ်။ အကယ်၍ ကျွန်တော်သာ သေဆုံးခဲ့ရင် ကမ္ဘာမြေပေါ်မှာ ကျွန်တော်နောက်ဆုံး မြင်တွေ့ သွားမှာ သူမပဲဖြစ်မှာပါ။ ။

ကျွန်တော် မင်နက်နဲ့ပြထားတာကို စာဖတ်သူအနေနဲ့ သတိထားမိမှာပါ.... တွေးပူနေမိတာက မိဘအတွက် ဖြစ်ပေမယ့် လတ်တလော မှာတော့ .....

ဘာပဲဖြစ်ဖြစ် .. သူ့အနေနဲ့ သေဘေးကို မျက်ဝါးထင်ထင်တွေ့ကြုံနေရချိန်မှာ..တည်ငြိမ်အေးဆေးနေတာ ချီးကျုးရမှာ ဖြစ်ပါတယ်။

သင့်ဆိုရင်ရော.. သူနေရာမှာဆိုရင် ဘာတွေကိုတွေးတောနေမှာလဲ ?




post signature


 

This Post has No Comment

Post a Comment

Older Post Newer Post

Search

Table of Contents

About Me

တစ်လှမ်းပြီးတော့ တစ်လှမ်းလျှောက်၊ အဝေးဆုံး ခရီးကိုရောက်။ အပ်တစ်ချက်ပြီးတစ်ချက်သီ၊ ဧရာအစုတ်ကြီး ဖာထေးပြီးပြီ။ အုတ်တစ်ချက်ပေါ် တစ်ချက်ဆင့်၊ မိုးထိတံတိုင်းမြင့်။ နှင်းတစ်ပွင့်ပေါ် တစ်ပွင့်ကျ၊ နှင်းထုဧရာကြီးလေစွ။
eXTReMe Tracker