နောက်ပြီး template ကို ပြင်မယ်။ script တွေထည့်မယ်။ hacks လေးတွေညှပ်မယ်။ ပြင်ဆင်နေတာ နဲ့တင် ပို့စ်တင်ဖို့ ကျတော့ မတင်ဖြစ်တော့ဘူး။ ပို့စ်တင်တာမှာ အားနည်းတယ်။ ပို့စ် များများ တင်ပါလို့ သူငယ်ချင်းတွေက ပြောကြတယ်။ တင်မယ်. တင်မယ်နဲ့ အားတင်း မိတာလည်း အခါခါပါပဲ။ ဒါပေမယ့်လည်း တကယ်တမ်း ကျတော့ မတင်ဖြစ်ဘူး။ အဓိက ကတော့ စာရေးတာ အားနည်း တာပဲ ဖြစ်မယ်ဆိုတာ ကိုယ့်ကိုကိုယ် သုံးသပ်မိတယ်။
ဒီနေ့မနက်လည်း သူငယ်ချင်းတစ်ယောက် (ချော်တွင်းကုန်းလူမိုက်.. ဟဲ.. ဟဲ မှားလို့.. ချော်တွင်းကုန်းသား) ကပြောပါတယ်။ ဘလော့ခ် ရေးနေတယ်ဆိုလို့ သူအနေနဲ့ သိတဲ့ ebooks site အညွှန်း တစ်ခုကို ပြောပါတယ်။ မြန်မာ့ e-library ရဲ့ site ဖြစ်ပါတယ်။ အဲဒီမှာ မြန်မာ့ စာအုပ်စာတမ်း နဲ့ပတ်သတ်ပြီး တော်တော် စုံစုံလင်လင် စုစည်း ထားတာကို တွေ့ရပါတယ်။ မြန်မာ့ ရှေးဟောင်း စာပေတွေ အနေနဲ့ ပေ၊ ပုရပိုက် ကအစ ယခုအချိန် တိုင်အောင် မြန်မာ့ စာအုပ်စာတမ်း တော်တော် များများကို တင်ထား ပေးတာကို တွေ့ရပါတယ်။ Technology အနေနဲ့ သိပ်မတွေ့ရပေမယ့် encyclopedia များ၊ text book များကို တင်ထားတာကို တွေ့ရပါတယ်။ Thesis & term paper section မှာလည်း Doctor of philosophy များရဲ့ Thesis များကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ e-library ရဲ့စာအုပ် တော်တော် များများကို တက္ကသိုလ်များ ဗဟို စာကြည့်တိုက်မှာရရှိနိုင်ပါတယ်။
စာဖတ်သူအနေနှင့် မြန်မာ့ အွန်လိုင်း စာကြည့်တိုက်တစ်ခုကို သိရှိနိုင်စေဖို့အတွက်ကို ဒီပို့စ် ကိုတင်လိုက်တာဖြစ်ပါတယ်။ မြန်မာ့ စာအုပ်စာတမ်း များကို ရှာဖွေ နေသူများအတွက် ကောင်းမွန်တဲ့ site တစ်ခု ဖြစ်ပါတယ်။ စာအုပ်များကိုလည်း download ရယူနိုင်ပါတယ်။
အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယား ပေါ်လီတက်ကနစ်ကျောင်း နော်ရစ် ခန်းမတွင် တောင်ကိုရီးယား နိုင်ငံသား သေနတ်သမားတစ်ဦး ၀င်ရောက် ပစ်ခတ်မှုကြောင့် အနည်းဆုံးလူဦးရေ (၃၁) ဦးသေဆုံး ခဲ့ရသည်။ ၄င်းကျောင်းတွင် ပညာသင်ကြားနေသော အသက် (၂၀) အရွယ်ရှိ Clay Violand အမည်ရှိ ကျောင်းသား၏ ကိုယ်တွေ့ဖြစ်ရပ်ကို ပြန်လည်ဖော်ပြထားပါသည်။
အဲဒီအချိန်လေးအတွင်းမှာပဲ တံခါးက ပြင်းထန်စွာ ပွင့်ထွက်လာခဲ့ပြီး ကျွန်တော်၏ မြင်ကွင်းထဲကို သေနတ်တစ်လက် ၀င်လာပါတယ်။ အဲဒီနောက်မှာတော့ သေနတ်သမားက ကပ်ပါလာပါတယ်။ သူကတော့ အာရှတိုက်သားပါ။ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဖြစ်ပါတယ်။ သူ့ကိုယ်မှာပါတဲ့ ခါးပတ်ကြီးထဲမှာ ကျည်ဆန်တွေ၊ ခဲယမ်းတွေဖြစ်မှာပါ။ ဒါက ကျွန်တော် လျှပ်တပြက်တွေ့လိုက်ရတာပါပဲ။ အဲဒီနောက်မှာတော့ ကျွန်တော် စားပွဲခုံတစ်လုံးရဲ့အောက်ကို ဒိုက်ဗင် ထိုးချလိုက်ပါတယ်။ အဲဒီစားပွဲအောက်မှာပဲ ကျွန်တော် သေရ မယ်လို့ရွေးချယ်ခဲ့တာပါ။
လူသတ်သမားကတော့ အေးဆေးတည်ငြိမ်စွာနဲ့ လူများကို ပစ်ခတ်ပါတော့တယ်။ ပစ်ခတ်ချိန်၊ရပ်နားချိန်၊ လူတစ်ယောက်မှ တစ်ယောက်သို့ ပြောင်းလဲ ပစ်ခတ်ချိန်များမှာ စည်းချက်ကျနစွာ ထွက်ပေါ်နေပါတယ်။ တစ်ချက်ပစ်ပြီးတိုင်း နောက်တစ်ချက်ဟာ ကျွန်တော် အတွက်လား လို့ထင်နေမိခဲ့ပါတယ်။ အားလုံပစ်ခတ်ပြီးတဲ့အချိန်အထိကို ကျွန်တော်ဘာမှကို မခံစားခဲ့ရပါဘူး။ ကျွန်တော်လည်း သေချင်ယောင်ဆောင်ခဲ့ပြီး တတ်နိုင်သမျှ အသက်မရှိသကဲ့သို့ ကြိုးစားနေခဲ့ပါတယ်။ တစ်ချက်ပစ်ပြီးတိုင်း အော်သံ၊ ငိုသံ။ ညည်းတွားသံများကို အတိုင်းသား ကြားနေရပါတယ်။
နောက်အချိန် အနည်းငယ် အတွင်းမှာပဲ သူထွက်သွားပါတယ်။ အဲဒီအချိန်ဟာ (၅) မိနစ်လား? (၁) နာရီလား ကျွန်တော်မပြောနိုင်ပါဘူး။ အခန်းအတွင်းမှာတော့ ညည်းတွား ငိုညည်းသံက လွဲလို့ တိတ်ဆိတ်နေပါတယ်။ ကျွန်တော်လည်း ခေါင်းကို ထောင်တယ် ဆိုရုံလေး ထောင်ပြီး ခက်ခဲစွာ ရေရွတ်မိပါတယ်..“ သေချင်ယောင် ဆောင်နေမှဖြစ်မှာပါ။ မင်းကိုသေတယ်လို့ ထင်သွားရင် မင်းကို သတ်မှာမဟုတ်ပါဘူး။“
များမကြာမီအချိန်အတွင်းမှာပင် သေနတ်သမားမှာ အခန်းအတွင်းသို့ပြန်လည်ဝင် ရောက်လာခဲ့ပါတယ်။ ကျွန်တော်၏ဦးခေါင်းကို တချိန်လုံး နှိမ်ချ၍ ဆက်လက် သေဟန်ဆောင်နေခဲ့ပါတယ်။ အခန်းအတွင်း မှလူများအား သေချာစွာထပ်မံ ပစ်ခတ်တာဖြစ်ပါတယ်။ သေနတ် ပစ်သံများက အခန်းတွင်းမှ လူများထက် ပိုမိုတာကို သတိထား မိပါတယ်။ သူ့သေနတ်ကို ကျည်ပြန် ဖြည့်တာ (၃) ခါရှိမယ် ထင်ပါတယ်။ ပစ်ခတ်မှုကို ခဏကြာကြာ ရပ်ထား တာကို တွေးကြည့်ပြီး ပြောတာပါ။ သေနတ်သမားက တစ်ယောက်ပြီး တစ်ယောက် ဆက်ပစ်နေပါတယ်။ သေနတ်သမားက တစ်ချက်ပစ်ပြီးတိုင်းကို နောက်တစ်ချက်ဟာ ကျွန်တော်အတွက် များဖြစ်မလား လို့တွေးနေမိပါတယ်။
ကျွန်တော်အနေနဲ့သေနတ်ဒဏ်ရာဟာဘယ်လို ခံစားရမယ် ဆိုတာတွေးတောနေမိပါတယ်။ မနာကျင် လောက်ဘူးလို့ မျှော်လင့်နေမိ ခဲ့ပါတယ်။ သေခြင်းတရားကို လက်ခံဖို့အတွက် အဆင်သင့်ဖြစ်နေပေမယ့် အကြောက်တရားက ကျွန်တော့်ကို လွှမ်းမိုးထားဆဲ ဖြစ်ပါတယ်။ ကျွန်တော် သေဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော့်မိဘတွေ ဘယ်လိုကျန်ရစ်ခဲ့ မလဲ ဆိုတာကို ၀မ်းနည်းစွာ တွေးပူနေမိပါတယ်။ ကျွန်တော်မိဘတွေ အကြောင်းကို တွေးနေမိပါတယ်။ ကျွန်တော်ရဲ့ရှေ့တည့်တည့်မှာ မိန်းကလေးတစ်ယောက် ရှိနေပါတယ်။ ကျွန်တော် သူမကို သေချာမသိပါဘူး၊ သူမ နာမည်ဘယ်လိုခေါ်တယ် ဆိုတာကိုလည်း ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ပြီး အကြာကြီး ကြည့်နေမိပါတယ်။ သူမဟာ တော်တော်ကိုရဲရင့်ပါတယ်။ သူမငိုခဲ့တယ် လို့ကျွန်တော်မထင်ခဲ့မိဘူး။ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြောင်ပြီး ကြည့်နေမိပါတယ်။
သေနတ်သမား ပြန်လည်ထွက်ခွာ သွားချိန်မှာ ရဲများခန်းမ အတွင်းသို့ ဇွတ်တိုးဝင်လာပြီး အားလုံးဝပ်နေဖို့ အကြောင်းကို အော်ဟစ်နေတာကို ကြားလိုက်ပါတယ်။ ရဲသားများက အခန်းတံခါးကို ပြင်းပြင်းထန်ထန် ခေါက်ပြီး တစ်စုံတစ်ယောက်ကို ဖွင့်ပေးဖို့ အော်ပြောနေတာကို ကြားလိုက်ပါတယ်။ အဲဒီနောက်မှာပဲ ရဲသားများဟာ အခန်းထဲကို ၀င်လာပြီး ကျွန်တော်တို့ကို လမ်းလျှောက်နိုင်က လျှောက်ပြီး ထွက်လာဖို့ပြောပါတယ်။ ကျွန်တော်လည်း ထရပ်ပြီး လက်မြှောက်ပြီး ထွက်လာပါတယ်။ ကျွန်တော်နဲ့ ကျွန်တော်ရှေ့က မိန်းကလေး နှစ်ယောက်ပဲ ထရပ်တာ သတိထားမိပါတယ်။ သူမမှာ သေနတ်ဒဏ်ရာ ရထားပါတယ်။ ကျွန်တော် သူမ တည်ငြိမ်စွာနေနိုင်တဲ့ အတွက်ကို ဂုဏ်ယူမိပါတယ်။ အကယ်၍ ကျွန်တော်သာ သေဆုံးခဲ့ရင် ကမ္ဘာမြေပေါ်မှာ ကျွန်တော်နောက်ဆုံး မြင်တွေ့ သွားမှာ သူမပဲဖြစ်မှာပါ။ ။
ကျွန်တော် မင်နက်နဲ့ပြထားတာကို စာဖတ်သူအနေနဲ့ သတိထားမိမှာပါ.... တွေးပူနေမိတာက မိဘအတွက် ဖြစ်ပေမယ့် လတ်တလော မှာတော့ .....
ဘာပဲဖြစ်ဖြစ် .. သူ့အနေနဲ့ သေဘေးကို မျက်ဝါးထင်ထင်တွေ့ကြုံနေရချိန်မှာ..တည်ငြိမ်အေးဆေးနေတာ ချီးကျုးရမှာ ဖြစ်ပါတယ်။
သင့်ဆိုရင်ရော.. သူနေရာမှာဆိုရင် ဘာတွေကိုတွေးတောနေမှာလဲ ?
ယူပုံသဏ္ဌာန် သံလိုက်ရထားလမ်း နှင့် ၄င်းပေါ်ရှိ ရထားတွဲဆိုင်း တို့တွင် သံလိုက်များကို တပ်ဆင်အသုံးပြု ထားပါသည်။ ထိုသံလိုက်များ၏ တွန်းကန်အားသည် ရထားတွဲဆိုင်း အား လမ်းအထက် (၁၀) စင်တီမီတာ မြောက်တက်နေ စေသည်။
ယာမာနာရှီစမ်းသပ်ချက်များအရ maglev ၏ အမြန်နှုန်းမှာ (၂၀၀၃) ခုနှစ်တွင် တစ်နာရီလျှင်(၃၆၁) မိုင်ရှိ၍ ပျှမ်းမျှ မိုင်နှုန်းမှာ တစ်နာရီလျှင် (၃၁၀) မိုင် ဖြစ်သည်။ ယခုအချိန်တွင် maglev မှာစမ်းသပ် ရထားလမ်းပိုင်းအရှည် (၁၁) မိုင်တွင်သာ စမ်းသပ်ဆဲဖြစ်သည်။
ရထားသည် လေကိုလျင်မြန်စွာ ထိုးခွင်းမှုကြောင့် ရထား၏ ပတ်ဝန်းကျင်တွင် အသံများ ဆူညံ နေပါသော်လည်း ရထားအတွင်း၌မူ လေယာဉ် အတွင်းပိုင်း ကဲ့သို့ပင် တိတ်ဆိတ် နေပေမည် ဖြစ်ပါသည်။
သင့်အနေဖြင့် ထိုအမြန်နှုန်းကို ခံစားမိရုံအတွင်းမှာပင် ခရီးစဉ် အဆုံးကို ရောက်ရှိနေပြီ ဖြစ်သည်။ ညင်သာသော ရပ်တန့်မှုနှင့်အတူ maglev မှာ၎င်း၏ ဘီးပေါ်တွင် ရပ်နားနေပေပြီ။
အီစတာပွဲတော်မတိုင်ခင်ကျရောက်တဲ့ဒီသောကြာနေ့ကဘယ်ကလာလဲ ဘယ်လိုရှိတယ်ဆိုတာ..
- The source of our term for the Friday before Easter, "Good Friday," is not clear.
- It may be a corruption of the English phrase "God's Friday," according to Professor Laurence Hull Stookey in Calendar: Christ's Time for the Church (p. 96).
- It is the common name for the day among English- and Dutch-speaking people.
- It is a day that proclaims God's purpose of loving and redeeming the world through the cross of our Lord, Jesus Christ.
- It is a day that is good because God was drawing the world to God's self in Christ.
- As seen in John's gospel, particularly, God was in control.
- God was not making the best of a bad situation, but was working out God's intention for the world — winning salvation for all people.
- We call it "good" because we look backward at the crucifixion through the lens of Easter! more
အဲဒီ "Good Friday" ကိုပဲ အမျိုးမျိုးခေါ်ဝေါ်ကြပါသေးတယ်...
- အနောက်တိုင်းဘုရားရှစ်ခိုးကျောင်းတွေမှာ....” Friday fo preparation”
- ဂျုးလူမျိုးတွေကတော့....”Day of Preparation”
- လက်တင်နိုင်ငံတွေကတော့....”Holy Friday”
- ဆလားဗစ်( ရုရှား၊ ပိုလန်၊ ချက်၊ ဘူဂေးရီးယား )လူမျိုးတွေကတော့....”Great Friday”
- ဂျာမနီနိုင်ငံမှာတော့.... ”Friday of Mourning”
- နော်ဝေနိုင်ငံမှာက....”Long Friday”
- ဟစ်ပန်နစ်( စပိန် ) လူမျိုးတွေကတော့.... “Holy Friday” ဆိုပြီး ကွဲပြားခေါ်ဝေါ် ကြပါတယ်။
နောက်ဆက်တွဲအနေဖြင့် ဒီလိုနေ့ထူးနေ့မြတ်မှာပဲ…
Israeli Press Report: US will Strike Iran on Good Friday
- The Jerusalem Post is now reporting that the US will strike Iran on Good Friday between the hours of 4.00 am and 4.00 pm in a coordinated series of air strikes and missile attacks aimed at selected strategic targets.
- The United States will be ready to launch a missile attack on Iran's nuclear facilities as soon as early this month, perhaps "from 4 a.m. until 4 p.m. on April 6," according to reports in the Russian media on Saturday.
According to Russian intelligence sources, the reports said, the US has devised a plan to attack several targets in Iran, and an assault could be carried out by launching missiles from fighter jets and warships stationed in the Persian Gulf. more
ဘယ်အကြောင်းတွေကြောင့်ပဲစစ်တွေဖြစ်ဖြစ်...လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေတော့ ဆုံးရှူံးရမှာအသေအချာပဲ...
၂၀၀၇ ခုနှစ်ရဲ့ "Good Friday" မှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာ...
ဟာသလေးတစ်ခုတင်မလိုပါ။...ဘယ်လိုစပြောရမယ်မသိလို့ ပုံပြင်တွေပြောသလိုပဲ စလိုက်မယ်..
- ဟိုးရှေးရှေးတုန်းက.... တရားရုံးတစ်ခုကနေပြီးတော့ လူ(၃)ယောက်ကို သေမိန့်ပေးလိုက်သည်။
- တစ်ယောက်ကရှေ့ နေ၊ တစ်ယောက်က ဆရာဝန်၊ တစ်ယောက်က အင်ဂျင်နီယာ။
- ပထမဦးစွာ ရှေ့ နေကိုသေဒဏ်ပေးသည်။ သို့သော် မသေ။ ပြစ်ဒဏ်မှလွတ်သည်။ ၄င်းနောက် ဆရာဝန် အလှည့်တွင်လည်းမသေ။
- အင်ဂျင်နီယာ အလှည့်ရောက်သောအခါ လျှပ်စစ်ထိုင်ခုံမှ လွတ်နေသော မီးကြိုးအား သေချာ ချည်၍ ပြုံးပြုံးကြီးတက်ထိုင်လိုက်သည်။
- စိတ်ထဲမှာကျိတ်တွေးလိုက်ပုံများ… “ ငါ engineering sence ရှိလို့ပေါ့ကွာ ” .. တဲ့။
သင့်မှာရော ဘယ်လိုအတွေးမျိုးရှိမလဲ။ သင်သာအင်ဂျင်နီယာတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်...
I live my life for you
By Firehouse
You know you're everything to me and I could never see
The two of us apart
And you know I give myself to you and no matter what you do
I promise you my heart
I've built my world around you and I want you to know
I need you like I've never needed anyone before
Chorus:
I live my life for you
I want to be by your side in everything that you do
And if there's only one thing you can believe is true
I live my life for you
I dedicate my life to you, you know that
I would die for you But our love would last forever
And I will always be with you and there is nothing we can't do
As long as we're together
I just can't live without you and I want you to know
I need you like I've never needed anyone before
Chorus
I live my life for you..
- လိုအပ်တာလေးတွေကိုတစ်ယောက်ကနေ တစ်ယောက်ကို ပို့ချင်တယ်ဆိုရင် ဟောဒီဆိုဒ်လေး ကနေ ပို့လို့ရပါတယ်။
- 1 GB အထိ file size ကိုပို့လို့ရပါတယ်။ Download ကို(၅) ရက်အတွင်းလုပ်လို့ရမှာဖြစ်ပါတယ်။ အရေအတွက် အနေနဲ့ကတော့ အကြိမ်ရေ (၂၀) လုပ်လို့ရမှာဖြစ်ပါတယ်။
- register မလိုတာရယ်၊ sender email ကိုလည်း optional အနေနဲ့ပဲ ရေးပေးရတာရယ် စတာတွေက userတွေကိုအချိန်ကုန် သက်သာစေမှာ ဖြစ်ပါတယ်။
- Recipient(s) email လေးရှိရင်ကို အလုပ်ဖြစ်တာမို့ အသုံးလိုသူများအနေနဲ့ အကြိုက် တွေ့မယ့် Transfer site တစ်ခုပါ။site url ကတော့ www.transferbigfiles.com ဖြစ်ပါတယ်။
ဒီဆိုဒ်ကို ညွှန်ပြတဲ့ သူငယ်ချင်းကောင်းကြီးကိုလည်း သူလိုချင်တဲ့ Data များကို ဒီဆိုဒ်ကနေပဲ Sendပေးပြီးကြောင်း။ :P
- light box image viewer ကို စမ်းသပ် ထားတာဖြစ်ပါတယ်။
- ဘလောဂ် မှာပါတဲ့ photo တွေကို new web page မဖွင့်ပဲ ကြည့်လို့ရတာ lightbox ရဲ့အားသာချက်ပါ။
- photo gallery အနေနဲ့ photo များကို လည်း စုပေါင်း ထည့်သွင်း လို့လည်း ရပါသေးတယ်။
- photo ရဲ့ real size ကိုကြည့်လို့ ရတဲ့အပြင် blog မှာလည်း လိုအပ်တဲ့ size နဲ့ထည့်လို့ရတော့ စိတ်ချမ်းသာ၊ လက်ချမ်းသာ edit လုပ်လို့ရတာပေါ့။ ( စိတ်ချမ်းသာ တာကိုတော့ သိတယ်ဗျာ၊ လက်ချမ်းသာတယ် ဆိုတာကိုတော့ သေချာမသိဘူးဗျ။ ဟီး.. မြန်မာစကား ကလည်း အရှူပ်သား။)
- Download ကိုတော့ lightbox vs 2.0 ကနေရနိုင်ပါတယ်။
- css file နဲ့ lightbox.js မှာ image တွေရဲ့ location ကို ပြန် define လုပ်ပြီး upload လုပ်ပြီး သုံးရင် တော့ရမှာဖြစ်ပါတယ်။